ရုရှားနိုင်ငံ၌ နေအိမ်အလုံးပေါင်း ၁၃၀၀၀ ကျော် ရေကြီးရေလျှံမှုဖြစ်ပွား



ဧပြီ ၁၀

 ရုရှားနိုင်ငံတွင် လူနေအိမ် ၁၃၀၀၀ ကျော် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းမီဒီယာက ယနေ့တွင် ဖော်ပြထားသည်။ Orenburg ဒေသတွင် ရေကြီးမှုအများဆုံးဖြစ်ပွားခဲ့ရာ လူနေအိမ် ၁၂၈၀၀ ရေလွှမ်းမိုးခဲ့ရကြောင်း TASS သတင်းအေဂျင်စီက ဖော်ပြထားသည်။ ထိုဒေသရှိ လူပေါင်း ၇၇၀၀ ကျော်သည် ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရသည်ဟု ဒေသတွင်းအစိုးရအဖွဲ့က ပြောကြားသည်။ ရေကြီးရေလျှံမှုအများဆုံးဖြစ်ပွားသော Orenburg ဒေသရှိ Orsk မြို့တွင် လူနေအိမ် ၆၇၉၃ လုံး ရေကြီးမှုဖြစ်ပွားခဲ့ပြီး လူပေါင်း ၂၆၁၆ ဦး ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရာ ၎င်းတို့အနက် ၁၃၈၇ ဦးသည် ယာယီအဆောက်အအုံများတွင်နေထိုင်ကြသည်ဟု သိရသည်။ နေ့စဉ်ပျမ်းမျှအပူချိန်များမြင့်မားခြင်း၊ နှင်းများအရည်ပျော်ကျခြင်းနှင့် မြစ်ရေကြီးခြင်းတို့ကြောင့် ရုရှားနိုင်ငံအနောက်ပိုင်း Siberia နှင့် Volga ဒေသတို့တွင် ရေဘေးသင့်မှုဖြစ်ပွားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.