ပေါင်းတည်မြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်
ပေါင်းတည်
ဧပြီ ၁၂
၁၃၈၅
ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်တွင်
ဗဟိုရေကစားမဏ္ဍပ်(၁)ခုနှင့် မြို့ပေါ်၁၂ရပ်ကွက်ရှိ အုန်းလက်ရေကစားမဏ္ဍပ်ငယ်များဖြင့်
ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဗဟိုမဏ္ဍပ်၌ ဖျော်ဖြေရေးအစီအစဉ်များ၊ စတုဒိသာကျွေးမွေးမှုများဖြင့်
စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မဟာသင်္ကြန်ပွဲတော်ကျင်းပရေးကော်မတီအဖွဲ့ထံမှ
သိရသည်။
မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုရေကစားမဏ္ဍပ်ကို
အကြိုနေ့ ညနေခင်းတွင် ဖွင့်ပွဲပြုလုပ်မည်ဖြစ်သည်။ ဖွင့်ပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊
ပညာရေးဦစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့စသည့် ဌာနပေါင်းစုံနှင့် မြို့ပေါ် ၁၂ရပ်ကွက်တို့မှ
သင်္ကြန်ယိမ်းအကအလှများနှင့်အတူ တေးဂီတ ဖျော်ဖြေရေးအစီအစဉ်များဖြင့် တင်ဆက်ကာ နှစ်သစ်မင်္ဂလာ
မဟာသင်္ကြန်ပွဲတော်ကို စတင်ဖွင့်လှစ်ပေးမည် ဖြစ်ကြောင်း သိရသည်။
ထို့အပြင်
ရေကစားမဏ္ဍပ်တွင် လာရောက်ရေကစားကြသူများကိုလည်း စတုဒိသာများနှင့် ဧည့်ခံကျွေးမွေးသွားမည်ဖြစ်ပြီး
နှစ်ဆန်းတစ်ရက်နေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အတွင်း အန္တရာယ်ကင်းပရိတ်တရားတော်မြတ်ရွတ်ဖတ်ပူဇော်ပွဲ၊
သက်ကြီးပူဇော်ပွဲနှင့် နှစ်သစ်ကံထူးရှင် ကံစမ်းမဲဖွင့်ပွဲကိုလည်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း
သိရသည်။
ထိုသို့
မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးနှင့် ရေကစားမဏ္ဍပ်
တည်ဆောက်ပြီးစီးမှု အခြေအနေများကိုလည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်
တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သူရကြီး
(ပေါင်းတည်)

No comments