ကျိုက်မရောမြို့နယ်တွင် အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်း ၂၀၇ ဝိုင်း ဖွင့်လှစ်သင်ကြား
ကျိုက်မရော
ဧပြီ ၈
မွန်ပြည်နယ်၊
ကျိုက်မရောမြို့နယ်တွင် အခြေခံစာတတ်မြောက်ရေးအတွက် စာသင်သား ၃၁၀၀ ဦးတို့အား စာသင်ဝိုင်း
၂၀၇ ဝိုင်းဖြင့် ဧပြီ ၆ ရက်မှစတင်ကာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်အတွင်းရှိ
ရပ်ကွက်/ကျေးရွာများအတွင်း အကြောင်းအမျိုးမျိုးကြောင့် မူလတန်းပညာ ပြီးဆုံးအောင်
မသင်ကြားခဲ့ရသူများ၊ စာမတတ်သူ၊ ကျောင်းမနေရသူများအား ပညာရေးနှင့် ရင်းနှီးကျွမ်းဝင်ပြီး
အခြေခံစာတတ်မြောက်ရေးအတွက် ဧပြီ ၆ ရက်မှ စတင်ကာ မေ ၁၅ရက်အထိ ကျေးရွာအုပ်စု ၄၇ အုပ်စု၌
စာသင်ဝိုင်း ၂၀၇ ဝိုင်း၌ စာသင်သား ၃၁၀၀ ဦးတို့အား ကြီးကြပ်သူ ဆရာ၊ ဆရာမများက သင်ကြားပေးလျက်ရှိရာ
အဆိုပါ စာသင်ဝိုင်းများ၌ စာတတ်မြောက်ရေးလှုပ်ရှားမှု စတင်ဆောင်ရွက်နေမှုများကို မြို့နယ်စာတတ်မြောက်ရေးကော်မတီ
ဥက္ကဋ္ဌ ဦးကျော်စိုးဦးနှင့် တာဝန်ရှိသူများ သွားရောက်ကြည်ရှုအားပေးကာ လိုအပ်သည်များ
ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ချိုမြတ်မြတ်
ထွေး(ကျိုက်မရော)


No comments