မိုဇမ်ဘစ်နိုင်ငံ၌ ဝန်ပိုတင်သင်္ဘောတိမ်းမှောက်မှုဖြစ်ပွားသဖြင့် ၉၁ ဦး ထက်မနည်းသေဆုံး
ဧပြီ ၈
မိုဇမ်ဘစ်နိုင်ငံမြောက်ပိုင်း
နမ်ပူလာပြည်နယ် မိုဇမ်ဘစ်ကျွန်းအနီးတွင် ယမန်နေ့က ဝန်ပိုတင်ဆောင်လာသော သင်္ဘောတစ်စင်း
တိမ်းမှောက်မှုဖြစ်ပွားသဖြင့် ၉၁ ဦးထက်မနည်းသေဆုံးကြောင်း နိုင်ငံပိုင်မိုဇမ်ဘစ်ရေဒီယိုက
ပြောကြားသည်။ အဆိုပါသင်္ဘောတိမ်းမှောက်မှုကြောင့် သေဆုံးသူများတွင် ကလေးများပါဝင်ပြီး
အခြား ၃၄ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်းနှင့် အသက်ရှင်ကျန်ရစ်သူငါးဦးကို တွေ့ရှိခဲ့ကြောင်း
ထပ်လောင်းဖော်ပြထားသည်။ ထိုသင်္ဘောပေါ်သည်
Mossuril ခရိုင်မှထွက်ခွာလာပြီး ခရီးသည် ၁၃၀ တင်ဆောင်လာသည်ဟု သိရသည်။ အာဏာပိုင်များက
မတော်တဆမှုဖြစ်ပွားခြင်းနှင့်ပတ်သက်ပြီးစုံစမ်းစစ်ဆေးမှုလုပ်ဆောင်ရန်နှင့် ပျောက်ဆုံးနေသူများအား
ရှာဖွေကယ်ဆယ် မှုများ ဆက်လက်လုပ်ဆောင်ရန် ကဏ္ဍပေါင်းစုံပါဝင်သောအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments