ထိုင်းနိုင်ငံ၌ အပူလှိုင်းကျရောက်
ဗန်ကောက်၊ ဧပြီ ၄
ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင်
အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ကျော်အထိ မြင့်တက်လာပြီး အပူလှိုင်း ကျရောက်နေကြောင်း ယနေ့
သည်စတားသတင်းစာ သတင်းတစ်ရပ်အရ သိရသည်။
နိုင်ငံသားများကို နေ့ခင်းဘက်တွင် အိမ်ထဲတွင်သာနေရန်
တာဝန်ရှိသူများက တိုက်တွန်းထားသည်။ ကျန်းမာရေးဌာနသည်
ပြည်သူများအား အိမ်တွင်း၌နေရန်နှင့် အပူဒဏ်ကြောင့် လေသင်တုန်းဖြတ်ခြင်းမှ ကာကွယ်ရေးအတွက် နေအိမ်ပြင်ပလှုပ်ရှားမှုများကို ရှောင်ကြဉ်ရန် တိုက်တွန်းထားသည်။
နိုင်ငံမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းနှင့်
အလယ်ပိုင်းဒေသများတွင် အမြင့်ဆုံးအပူချိန် ၄၁ မှ ၄၂ ဒီဂရီစင်တီဂရိတ်နှင့် ဗန်ကောက်အပါအဝင်
အရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် ၃၉ မှ ၄၀ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိနေသည့်အတွက်
အိမ်တွင်းတွင်နေထိုင်ရန် အရေးကြီးကြောင်း တာဝန်ရှိသူများကပြောသည်။ ဒေသအများအပြားတွင်
ပြီးခဲ့သည့်လကစတင်၍ အပူချိန်သည် ပုံမှန်ထက် မြင့်တက်နေခဲ့သည်။
ကိုးကား -သည်စတား၊
ဘာသာပြန် - စိုးသူရ

No comments