ပြင်ဦးလွင်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ



နေပြည်တော် ဧပြီ ၁၅  

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၁၄ ရက် မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်မြို့နယ်၊ ဝက်ဝံကျေးရွာအုပ်စု၊ ဝက်ဝံကျေးရွာအနီးတွင် AD Van အမျိုးအစား ခရီးသည်တင်မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်ပါခရီးသည် ကျော်မျိုးသွင် ()ဖိုးခွား သယ်ဆောင်လာသည့် စိတ်ပြောင်းဆေးဝါး Happy Water ၁ ဒသမ ၈၅ ကီလို ငွေကျပ်သိန်း ၂,၂၂၀ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း၊ ဧပြီ ၁၃ ရက် ညနေပိုင်းတွင်  ပြည်ကြီးတံခွန်မြို့နယ်၊  ()ရပ်ကွက်၊ ၅၉(D)လမ်း၊ ၁၁၅ x ၁၁၆ လမ်းကြားရှိ အောင်ဇော်()ချွမ်ဆုန့်မင့် နေအိမ်ကို သတင်းအရ ရှာဖွေရာ စိတ်ပြောင်းဆေးဝါး ကက်တမင်း ဒသမ ၂၃ ကီလို၊ Happy Water ဒသမ ၁၁၅ ကီလိုနှင့် Ecstasy ဆေးပြား ၉၉၀ စုစုပေါင်း ငွေကျပ် ,၄၀၁ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများကို သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ  အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)


No comments

Powered by Blogger.