မိုဇမ်ဘစ်နိုင်ငံ၌ သင်္ဘောတိမ်းမှောက်မှုဖြစ်ပွား၊ ၉၁ ဦး သေဆုံး
မာပူတို ဧပြီ
၈
မိုဇမ်ဘစ်နိုင်ငံမြောက်ပိုင်း နမ်ပူလာပြည်နယ် မိုဇမ်ဘစ်ကျွန်းအနီး ဧပြီ ၇ ရက်က
တန်ပိုတင်ဆောင် လာသည့် သင်္ဘောတစ်စင်း တိမ်းမှောက်မှုဖြစ်ပွားသဖြင့်
၉၁ ဦးထက်မနည်း သေဆုံးကြောင်း အစိုးရပိုင်ရေဒီယိုမိုဇမ်ဘစ် (အာအမ်) က ကြေညာထားသည်။ သေဆုံးသူများထဲတွင်
ကလေးငယ်များ ပါဝင်ပြီး အခြား လူ ၃၄ ဦးမှာ ပျောက်ဆုံးနေကြောင်း နှင့် အသက်ရှန်ကျန်ရစ်သူ
ငါးဦး တွေ့ရှိကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါသင်္ဘောမှာ
မော့စ်ဆူရီခရိုင်မှ ထွက်ခွာပြီး ခရီးသည် ၁၃၀ သယ်ဆောင်လာခဲ့ကြောင်း နမ်ပူလာပြည်နယ်
အတွင်းရေးမှူး ဂျေမီနီတိုက ပြောကြားသည်။ ၎င်းခရီးသည်များမှာ ကာလဝမ်းရောဂါဖြစ်ပွားမှုနှင့်
ပတ်သက်သည့် သတင်းမှားကြောင့် ထိတ်လန့်မှုများ ဖြစ်ပွားပြီးနောက်
၎င်းတို့၏မူလနေရာမှ ထွက်ခွာလာခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
သင်္ဘောတိမ်းမှောက်မှုကြောင့်
ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေရန်အတွက် အာဏာပိုင်များက ကဏ္ဍပေါင်းစုံ အဖွဲ့တစ်ဖွဲ့ကိုဖွဲ့စည်းခဲ့ပြီး
အခင်းဖြစ်ပွားမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
ဆင်ဟွာ

No comments