တံတားဦးမြို့နယ်တွင် အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများ လိုက်လံကြည့်ရှုအားပေးပြီး စာရေးကိရိယာများ ထောက်ပံ့
တံတားဦး ဧပြီ ၉
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင်
အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်များဖွင့်လှစ်ထားရှိမှုနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းကို
ယနေ့နံနက် ၁၀ နာရီက တံတားဦးမြို့ တောကျောင်း အနောက်တိုက် ဘုန်းတော်ကြီးကျောင်းတိုက်တွင်
ကျင်းပသည်။
အဆိုပါ အခြေခံစာတတ်မြောက်ရေး
စာသင်ဝိုင်းများ ဖွင့်လှစ်ထားရှိမှုနှင့် ပတ်သက်ပြီး တံတားဦးမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများနှင့်
တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများကို
ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် မူလတန်းပညာကို ပြီးဆုံးအောင်မသင်ကြားနိုင်သည့်
ပြည်သူများ၏ လူမှုဘဝမြင့်မားလာစေရန် ရည်ရွယ်ပါကြောင်း၊ ယနေ့ခေတ်သည် ပညာခေတ်နှင့်အညီ
ပြည်သူများ၏ ပညာရည်မြင့်မားရေးကို ဦးစားပေးဆောင်ရွက်ခြင်းဖြစ်ရာ အခြေခံစာတတ်မြောက်ရေးသင်တန်းကို
၂၀၂၄ ခုနှစ် ဧပြီ ၆ ရက်မှ မေ ၁၅ ရက်အထိ အခြေခံ အရေး၊ အဖတ်၊ အတွက်တို့အပြင် လူမှုဘဝလေ့လာရေးများကို
တစ်နေ့လျှင် (၃)နာရီဖြင့် ရက်ပေါင်း(၄၀) သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့
ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုထံမှ သိရသည်။
တံတားဦးမြို့နယ် အခြေခံစာတတ်မြောက်ရေး
စာသင်ဝိုင်းများဖွင့်လှစ်ထားရှိမှုကို တံတားဦခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ
ဦးတင်ကိုလင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့်
အဖွဲ့ဝင်များက တံတားဦး ခရိုင်/မြို့နယ် ပညာရေးမှူးနှင့် တာဝန်ရှိသူများက စာသင်သားများအား
စာသင်ဝိုင်းတွင် လိုအပ်မည့် စာရေးကိရိယာများကို ထောက်ပံ့ပေးအပ်ပြီး သင်ကြားပြသမှုများကို
အားပေးကြည့်ရှုကြသည်။ တံတားဦးမြို့နယ် အမှတ်(၁)ရပ်ကွက် တောကျောင်းအနောက်တိုက် ဘုန်းတော်ကြီးကျောင်း၊
အမှတ်(၂)ရပ်ကွက် သမိုင်းဝင်မဟာမင်္ဂလာစေတီ ဘုရားဝန်းတွင်းရှိ ဓမ္မာရုံနှင့် ဂွေးကုန်းကျေးရွာ
ဘုန်းတော်ကြီးကျောင်းတို့ရှိ စာသင်ဝိုင်းများအား လိုက်လံကြည့်ရှုအားပေးကြပြီး စာရေးကိရိယာများ
ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဦးရဲတင့်(ပြန်/ဆက်)

No comments