ဒဂုံမြို့သစ် (မြောက်ပိုင်း) နှင့် နောင်ချိုမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ



နေပြည်တော်၊ ဧပြီ ၈

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၆ ရက် ညနေ ၆ နာရီ ၁၀ မိနစ်တွင် နောင်ချိုမြို့၊ ပါဟတ်ရပ်ကွက်၊ အိုရီယမ်တယ် တိုးဂိတ်အနီးတွင် ကျော်မျိုးထက် မောင်းနှင်ပြီး ကျော်လေးလိုက်ပါလာသည့် HYUNDAI STAREX အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၄ ဒသမ ၄ ကီလိုကို သိမ်းဆည်းရမိခဲ့သည်။

ထိုနေ့ နံနက် ၉ နာရီတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၄၂) ရပ်ကွက်တွင် မသင်္ကာဖွယ်တွေ့ရှိသူ ညွန့်ဝင်းကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၀,၀၀၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ နံနက် ၉ နာရီ ၁၀ မိနစ်တွင် အဆိုပါနေရာ၌ စိတ်ကြွရူးသွပ်ဆေးပြားများ ရောင်းချခိုင်းသူ သိန်းဝင်းကို ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။  

ရဲပြန်ကြား

No comments

Powered by Blogger.