MNL Cup ပြိုင်ပွဲ အုပ်စုပထမအကျော့ နောက်ဆုံးပွဲများ ဧပြီ ၅ ရက်နှင့် ၆ ရက်တွင် ကျင်းပမည်
ရန်ကုန်၊ဧပြီ ၄
၂၀၂၄ MNL Cup ပြိုင်ပွဲ အုပ်စုပထမအကျော့
နောက်ဆုံးပွဲဖြစ်သည့် ပွဲစဉ် (၅)ကို ဧပြီ ၅ ရက်နှင့် ၆ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။
ပွဲစဉ် (၅) အဖြစ် ဧပြီ ၅ ရက်တွင် တက္ကသိုလ်ကွင်း၌
မဟာယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်း၊ သုဝဏ္ဏကွင်း၌ ရခိုင်ယူနိုက်တက်အသင်းနှင့်
ရှမ်းယူနိုက်တက်အသင်း၊ ပဒုမ္မာကွင်း၌ Glory Goal အသင်းနှင့် ကချင်ယူနိုက်တက်အသင်း၊
ဧပြီ ၆ ရက်တွင် တက္ကသိုလ်ကွင်း၌ Dagon Port အသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်း၊ သုဝဏ္ဏကွင်း၌
ဒဂုံစတားအသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်း၊ ပဒုမ္မာကွင်း၌ သစ္စာအားမာန်အသင်းနှင့်
ရတနာပုံအသင်း၊ YUSC ကွင်း၌ မြဝတီအသင်းနှင့် အား/ကာ သိပ္ပံအသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ဧပြီ ၅ ရက်တွင်ကစားမည့် GFA အသင်းနှင့်
တက္ကသိုလ်အသင်းပွဲကို တက္ကသိုလ်အသင်းမှ ကစားသမားများ၏ ကျောင်းစာမေးပွဲကြောင့် မတ် ၁၂
ရက်ကတည်းက ကြိုတင်ကစားပြီးဖြစ်သဖြင့် ပွဲစဉ်(၅)တွင် ခုနစ်ပွဲသာ ကစားရမည်ဖြစ်သည်။
အုပ်စုပွဲစဉ် (၄) အပြီးတွင် အုပ်စု
(က) ၌ ရန်ကုန်နှင့် မဟာယူနိုက်တက်တို့က သုံးပွဲကစားကိုးမှတ်စီ၊ GFA အသင်းက
လေးပွဲကစား ခြောက်မှတ်၊ တက္ကသိုလ်အသင်းက လေးပွဲကစားသုံးမှတ်၊ ရွှေပြည်သာအသင်းက လေးပွဲကစား
အမှတ်မရသေး၊ အုပ်စု (ခ) ၌ ရှမ်းယူနိုက်တက်က
သုံးပွဲကစားကိုးမှတ်၊ ရခိုင်နှင့် ကချင်ယူနိုက်တက်က သုံးပွဲကစားခြောက်မှတ်စီ၊
Glory Goal အသင်းကသုံးပွဲကစားသုံးမှတ်၊
Rainbow အသင်းက လေးပွဲကစား အမှတ်မရသေး၊ အုပ်စု (ဂ) ၌ ဒဂုံစတားအသင်းက သုံးပွဲကစားကိုးမှတ်၊ ဟံသာဝတီနှင့်
ဧရာဝတီအသင်းက သုံးပွဲကစား ခြောက်မှတ်စီ၊ Dagon Port အသင်းက သုံးပွဲကစားသုံးမှတ်၊ ငွေကြယ်ပွင့်
အသင်းက လေးပွဲကစား အမှတ်မရသေး၊ အုပ်စု (ဃ) ၌ အား/ကာသိပ္ပံ အသင်းက သုံးပွဲကစားခုနစ်မှတ်၊
ရတနာပုံအသင်းက သုံးပွဲကစား ခြောက်မှတ်၊ သစ္စာအားမာန်နှင့် မြဝတီအသင်းက သုံးပွဲကစား
လေးမှတ်စီ၊ ရက္ခပူရယူနိုက်တက်အသင်းက လေးပွဲကစား တစ်မှတ်ရရှိထားသည်။
သတင်း - ကိုညီလေး၊
ဓာတ်ပုံ - MNL

No comments