အမျိုးသား မြေဥပဒေ ရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေးလုပ်ငန်းကော်မတီ၏ ပဉ္စမအကြိမ် အစည်းအဝေးကျင်းပ




နေပြည်တော် ဩဂုတ် ၁၅  


အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတ ဖြစ်ရေး လုပ်ငန်းကော်မတီ၏ ပဉ္စမအကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်း အဝေးခန်းမ၌ကျင်းပရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ-၁ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဥက္ကဋ္ဌ-၂ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ နှင့် အဖွဲ့ဝင်များ၊ အထောက်အကူပြုလုပ်ငန်း အဖွဲ့ဥက္ကဋ္ဌများနှင့် ဥပဒေရေးဆွဲရေးအဖွဲ့ငယ် အဖွဲ့ခေါင်းဆောင်များ တက်ရောက်ကြသည်။


အစည်းအဝေးတွင် အမျိုးသားမြေဥပဒေကို ၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ညီညွတ်စေရေး၊ မြေစီမံခန့်ခွဲခြင်းနှင့် စပ်လျဉ်းသော တည်ဆဲဥပဒေများကို လွှမ်းခြုံသက်ရောက်မှုရှိပြီး ဥပဒေအချင်းချင်း သဟဇာတဖြစ်စေရေးကို အလေးထား ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မြေဥပဒေ မူကြမ်းရေးဆွဲရာ၌ ခေတ်ကာလစနစ်နှင့် လိုက်လျောညီထွေ ပြောင်းလဲပြင်ဆင်နိုင်မည့် နည်းလမ်းများ ထည့်သွင်းပြုစုရန် လိုအပ်ပြီး အမျိုးသား မြေအသုံးချမှုကောင်စီက သတ်မှတ်ပေးထားသည့် ကာလ(Timeline) အတွင်း အမျိုးသားမြေဥပဒေမူကြမ်းကို ပြီးစီးအောင် ဆောင်ရွက်နိုင်ရေး အလေးထားလုပ်ဆောင် ကြရမည်ဖြစ်ကြောင်း၊ အမျိုးသားမြေဥပဒေမူကြမ်း၏ နိဒါန်းအခန်းနှင့် အခန်း(၁)မှ(၈) အထိအား အဖွဲ့ဝင်များ၏ အကြံပြုချက်များအရ ကြိုတင်စိစစ်ထားရှိမှုအား ပဏာမမူကြမ်း အဖြစ် အတည်ပြုနိုင်ရေးအတွက် ကော်မတီဝင်များက အလေးထားဆွေးနွေးဆုံးဖြတ်ရန် ဖြစ်ကြောင်း ၊ ဥပဒေမူကြမ်း၏ ကျန်ရှိသော အခန်း (၉) မှ (၁၆)အထိကို နောက်တစ်ကြိမ် အစည်းအဝေးတွင် စတင်ဆွေးနွေးနိုင်ရေးအတွက် လျာထားသတ်မှတ်ထားကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.