ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း အလွတ်တန်းဖူဆယ် (အမျိုးသား) ပြိုင်ပွဲ ဖွင့်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်
နေပြည်တော်၊ စက်တင်ဘာ ၁၆
ကျန်းမာရေးဝန်ကြီးဌာန အလွတ်တန်းဖူဆယ် (အမျိုးသား) ပြိုင်ပွဲကို စက်တင်ဘာ (၁၃) ရက်မှ (၁၆) ရက်အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဖူဆယ်အားကစားရုံ၌ ကျင်းပခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း နှင့် တာဝန်ရှိသူများက ဖွင့်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားများသို့ တက်ရောက်အားပေး ချီးမြှင့်ခဲ့သည်။
စက်တင်ဘာ ၁၃ ရက်တွင် အလွတ်တန်းဖူဆယ် (အမျိုးသား) ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း တက်ရောက်အမှာစကား ပြောကြားခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာန အလွတ်တန်းဖူဆယ်(အမျိုးသား) ပြိုင်ပွဲ ပွဲစဉ်များကို ပြိုင်ပွဲဝင် အသင်း (၉) သင်းမှ အုပ်စု (၂) စု ခွဲ၍ ယှဉ်ပြိုင်ခဲ့ပြီး ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း တက်ရောက်အားပေးချီးမြှင့်ခဲ့ပြီး ဗိုလ်လုပွဲပွဲစဉ်အဖြစ် သဇင်အသင်း (နေပြည်တော်) နှင့် နှင်းဆီအသင်း (မကွေးတိုင်း) တို့ ယှဉ်ပြိုင်ကြရာ သဇင်အသင်း (နေပြည်တော်) က နှင်းဆီအသင်း (မကွေးတိုင်း) ကို (၂)ဂိုး (၁) ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး တတိယဆုကို စံပယ်အသင်း (မကွေးတိုင်း) နှင့် နှစ်သိမ့်ဆုကို စိန်ပန်းအသင်း (ရန်ကုန်တိုင်း) တို့က ရရှိခဲ့ကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ပထမဆုရအသင်းအား ဂုဏ်ပြုဆု နှင့် ချီးမြှင့်ငွေများကိုလည်းကောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များက ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုရအသင်းများအား ဂုဏ်ပြုဆုနှင့် ချီးမြှင့်ငွေများကို လည်းကောင်း ချီးမြှင့်ပေးအပ်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အသင်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့သည်။
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်၌ ကျန်းမာရေးဝန်ကြီးဌာန ကိုယ်စားပြု အသင်းအနေဖြင့် ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်းဖူဆယ် (အမျိုးသား) ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments