အုတ်တွင်းမြို့နယ်၌ ရေဘေးကယ်ဆယ်ရေးစခန်းအသီးသီးမှ ရေဘေးသင့်ပြည်သူများအား အထူးကုဆရာဝန်ကြီးများက နယ်လှည့်ဆေးကုသမှုများ ဆောင်ရွက်ပေး
အုတ်တွင်း စက်တင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ဘန့်ဘွေးကုန်းကျေးရွာ၊ ရွှေကျင်ကျောင်းဝင်းရှိ ရေဘေးကယ်ဆယ်ရေးစခန်းမှ ရေဘေးသင့်ပြည်သူများအား အထူးကုဆရာဝန်ကြီးများက ယမန်နေ့မွန်းလွဲ ၂ နာရီက နယ်လှည့်ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ဘန့်ဘွေးကုန်းကျေးရွာ၊ ရွှေကျင်ကျောင်းဝင်းအတွင်းရှိ ရေဘေးကယ်ဆယ်ရေးစခန်းသို့ ပြည်မြို့နယ် ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီး ဒေါက်တာ အောင်မင်းဦး အပါအဝင် ကျန်းမာရေးဝန်ထမ်းများက ရေဘေးသင့်ပြည်သူ (၅၄)ဦးနှင့် အင်ဒိုင်းကျေးရွာမှ ရေဘေးသင့်ပြည်သူ (၂၄)ဦးအား ဆေးကုသပေးခဲ့ပြီး နယ်လှည့်ဆေးကုသရာတွင် ကျွဲပွဲမြို့ မြို့အုပ်ချုပ်ရေးမှူး၊ တိုက်နယ်ဆရာဝန်နှင့် ဝန်ထမ်းများ၊ ရေဘေးကယ်ဆယ်ရေးစခန်း ကြီးကြပ်အဖွဲ့များမှ လိုအပ်သည်များကို လိုက်လံကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)
No comments