ကျိုင်းတုံမြို့၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်
ကျိုင်းတုံ စက်တင်ဘာ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊
ကျိုင်းတုံမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့်
စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်ပွဲကို စက်တင်ဘာ ၁၆ ရက်က ကျိုင်းတုံ ပညာရေးဒီဂရီကောလိပ်တွင်
ပြုလုပ်သည်။
သင်တန်းဖွင့်ပွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူး၊ ဦးအောင်သွင်ဦးက သင်တန်းသား/သင်တန်းသူ
ဆရာ/ဆရာမများအနေဖြင့် သင်တန်းမှ သင်ကြားပို့ချပေးလိုက်သည့် လူဦးရေနဲ့အိမ်အကြောင်းအရာ
သန်းခေါင်စာရင်းကောက်ယူနိုင်ရေး အကြောင်းအရာများကို သေချာစွာလေ့လာမှတ်သားပြီး မြေပြင်
လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူသည့်အခါ ပြည့်စုံမှန်ကန်စွာ ကောက်ယူဖို့လိုအပ်ကြောင်း
ပြောကြားသည်။
အဆိုပါ သင်တန်းသို့ ကျိုင်းတုံမြို့နယ်မှ သင်တန်းသား၊ သင်တန်းသူ ၁၈၄ ဦး၊ မိုင်းလားမြို့နယ်မှ
၁၀ ဦး တက်ရောက်ပြီး
သင်တန်းကာလမှာ စက်တင်ဘာလ ၁၆ ရက်မှ ၂၇ ရက်ထိ သင်ကြားဆွေးနွေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)
No comments