ရေစီးရေလာကောင်းမွန်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများ ရန်ကုန်မြို့တော်ဝန် ကွင်းဆင်းစစ်ဆေး
ရန်ကုန် စက်တင်ဘာ ၁၈
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၅)ရပ် ကွက်၊ သံသုမာလမ်းရှိ ရေပေါက်ကြည်ချောင်း ရေထိန်းတံခါး ရေစီးရေလာအခြေအနေ၊ မြောက်ဥက္ကလာပမြို့နယ် အုတ်ပုံဆိပ်လမ်းရှိ အုတ်ပုံဆိပ်တံတား တည်ဆောက်နေမှု၊ ရန်ကုန် တိုင်းဒေသကြီး အားကစားပွဲတော်အတွက် အင်းစိန်မြို့နယ်ရှိ မြို့တော်ဂေါက်ကွင်း၌ ဂေါက်သီးရိုက်ယှဉ်ပြိုင်ကစားနေမှုနှင့် မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းပေါ်ရှိ MCC ခန်းမ၌ ခရိုင် ပေါင်းစုံ ကာယဗလနှင့် ကာယကြံခိုင်မှု မောင်/မယ် ရွေးချယ်ယှဉ်ပြိုင်နေမှု၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ ဘုရင့်နောင်တံတားအောက်ရှိ ဆိပ်ကမ်းသာလမ်းဖြတ် Pipe Culvert တည်ဆောက်နေမှုနှင့် ဘုရင့်နောင် တိုးချဲ့ပန်းခြံ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက် နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေး အားပေးသည်။
ကြည့်ရှုစစ်ဆေးစဉ် မြို့တော်ဝန်က ရေစီးရေလာ ကောင်းမွန်စေရေး၊ ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေး၊ ရေထိန်းတံခါး ပတ်ဝန်းကျင် သန့်ရှင်းသာယာရေး၊ လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ပြီးစီးရေးနှင့် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments