၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စာရင်းစစ်၊ စာရင်းကောက်ယူနိုင်ရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
စဉ့်ကိုင်
စက်တင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊
စဉ့်ကိုင်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကြီးမှူး၍
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စာရင်းစစ်၊ စာရင်းကောက်ယူနိုင်ရေး
သင်တန်းဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာ ၁၇ ရက် နံနက် ၉ နာရီက အ.ထ.က (စဉ့်ကိုင်)ရှိ
သဇင်ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် စဉ့်ကိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့
ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးပြည့်ဖြိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်သန်းခေါင်စာရင်း
ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊
မြို့နယ်ဦးစီးမှူး ဦးဉာဏ်စိုးမှ ၂၀၂၄ ခုနှစ်၊ လူဦးရေးနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း
စာရင်းစစ်၊ စာရင်းကောက်ယူနိုင်ရေး သင်တန်းဖွင်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။
ထို့နောက် သင်တန်းအား နည်းပြ(၁၁)ဦးမှ အလှည့်ကျပို့ချခဲ့ရာ သင်တန်းသားများက စိတ်ပါဝင်စားစွာ
လေ့လာသင်ယူခဲ့ကြကြောင်းနှင့် အဆိုပါသင်တန်းအား စက်တင်ဘာ ၁၇ ရက်မှ ၂၈ ရက်အထိ ဖွင့်လှစ်ပေးသွားမည်
ဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ စဉ့်ကိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့
ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးပြည့်ဖြိုးအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မြို့နယ်သန်းခေါင်စာရင်း
ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊
မြို့နယ်ဦးစီးမှူး ဦးဉာဏ်စိုးနှင့် ဝန်ထမ်းများ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း
သိရသည်။
ကျော်စွာ (စဉ့်ကိုင်)
No comments