မွန်ဂိုလီးယားနိုင်ငံသို့ ယခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအတွင်း နိုင်ငံခြားခရီးသွား ၅၇၆၂၈၃ ဦး ဝင်ရောက်



စက်တင်ဘာ ၁၆

မွန်ဂိုလီးယားနိုင်ငံသို့ ယခုနှစ် ပထမရှစ်လအတွင်း နိုင်ငံခြားခရီးသွား ၅၇၆၂၈၃ ဦး ဝင်ရောက်မှုရှိကြောင်း ယဉ်ကျေးမှု၊ အားကစား၊ ခရီးသွားနှင့် လူငယ်ရေးရာဝန်ကြီးဌာနက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

၂၀၂၄ ခုနှစ်အတွင်း ခရီးသွားဝင်ရောက်မှုသည် လွန်ခဲ့သောနှစ် အလားတူကာလက ခရီးသွားဝင်ရောက်မှုနှင့်နှိုင်းယှဉ်ပါက  ၂၃ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်ဟု ထိုဝန်ကြီးဌာနကဆိုသည်။

ယခုနှစ်ဇန်နဝါရီလမှဩဂုတ်လအတွင်း ရုရှား၊ တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံတို့မှခရီးသွားဝင်ရောက်မှုအများဆုံး ဖြစ်ကြောင်း ၎င်းဝန်ကြီးဌာနက ပြောကြားသည်။

၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနစ်အထိ မွန်ဂိုလီးယားခရီးသွားနှစ်အဖြစ် သတ်မှတ်ထားပြီး နှစ်စဉ် နိုင်ငံခြားခရီးသွား တစ်သန်းထက်မနည်း ဝင်ရောက်မှုရှိရန်ရည်မှန်းထားသည်ဟု သိရသည်။

လွန်ခဲ့သောနှစ်က နိုင်ငံခြားခရီးသွား ၆၅၀၀၀၀ ကျော်ဝင်ရောက်ခဲ့ပြီး ခရီးသွားကဏ္ဍမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံရရှိကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.