တိုင်ဖွန်းမုန်တိုင်းရာဂိတိုက်ခတ်မှုကြောင့် ဗီယက်နမ်နိုင်ငံတွင် သေဆုံးသူ ၂၂၆ ဦး ရှိလာ၊ ၁၀၄ ဦး ပျောက်ဆုံးနေ
စက်တင်ဘာ ၁၃
ဗီယက်နမ်နိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်းရာဂိတိုက်ခတ်မှုကြောင့်
မြေပြိုမှုနှင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ
ယမန်နေ့မွန်လွဲပိုင်းအထိ
သေဆုံးသူ ၂၂၆ ဦး ရှိလာပြီး ၁၀၄ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း
စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနက
သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါမုန်တိုင်းဘေးသင့်မှုအများဆုံးဒေသမှာ
လာအိုကိုင်ပြည်နယ်ဖြစ်ပြီး
၉၈ ဦး သေဆုံးပြီး အခြား ၈၁ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း
ဖော်ပြထားသည်။ ကာအိုဘန်ပြည်နယ်တွင် ၄၃ ဦး၊ ယန်ဘိုင်ပြည်နယ်တွင် ၄၂ ဦး၊ ကွမ်နင်းရှ်ပြည်နယ်တွင်
၁၅ ဦး သေဆုံးသည်ဟု သိရသည်။
မြောက်ပိုင်းဒေသများတွင် မြေပြိုမှုသတိပေးချက်များ
တည်ရှိနေဆဲဖြစ်ကြောင်းဖော်ပြထားသည်။
ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ
ဆက်လက်လုပ်ဆောင်လျက်ရှိသည်ဟု
သိရသည်။
မိတ်ဖက်နိုင်ငံများနှင့်အဖွဲ့အစည်းများက
တိုင်ဖွန်းမုန်တိုင်း
ရာဂိတိုက်ခတ်မှုပြီးနောက်
ရေကြီးရေလျှံမှုနှင့်
မြေပြိုမှုဘေးသင့်ပြည်သူများအတွက်
ဗီယက်နမ်နိုင်ငံသို့ နိုင်ငံတကာကယ်ဆယ်ရေးပစ္စည်းများ
ပေးပို့လျက်ရှိကြောင်း
ဗီယက်နမ်သတင်းဌာနကဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments