ဆီသယ်သင်္ဘောပေါ်မှ B29 ဆီသိုလှောင်သင်္ဘောထံ ဆီထည့်နေစဉ် မီးလောင်ကျွမ်း



ထားဝယ်   အောက်တိုဘာ ၁၅


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၊ ကမ်းနားလမ်း၊ ဆိပ်ကမ်းမြေနေရာရှိ အောက်တိုဘာ ၁၄ ရက် ညနေ  ၄ နာရီ  ၄၅ မိနစ်အချိန်ခန့်တွင် ဆီသယ်သင်္ဘောပေါ်မှ B29 ဆီသိုလှောင် သင်္ဘောထံ ဆီထည့်နေစဉ် မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်တွင် ဆိပ်ကမ်းမြေနေရာရှိ ပိုင်ရှင် ဦးသိန်းလွင်ပိုင်ဆိုင်သော မီချီလီကုမ္ပဏီ (စက်သုံးဆီ သိုလှောင်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်း)မှ ဆီသင်္ဘောတာဝန်ခံ ဦးနေမျိုးဌေး(အဘ)ဦးမိုးအောင် တာဝန်ယူသော နံပါတ် 3. MT ဆီသယ်သင်္ဘောပေါ်မှ (အလျား ၂၄၀ x အနံ ၂၄ x အမြင့် ၉) B29 ဆီသိုလှောင်သင်္ဘောထံ ဆီထည့်နေစဉ် B29 ဆီသိုလှောင်သင်္ဘော (ဒီဇယ်လီတာ ၅၀၀၀၀၊ ဓာတ်ဆီလီတာ ၅၀၀၀၀) မီးလောင်ကျွမ်းခဲ့ရာ မီးလောင်ကျွမ်းသည့်နေရာသို့ သန္ဓေတပ်ဖွဲ့ဝင်(၅၅)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၂၀)ဦး၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပတ်ဝန်းကျင်ပြည်သူများတို့က မီးငြှိမ်းသတ်ယာဉ် (၆)စီး၊ ရေသယ်ယာဉ်(၃)စီး၊ အထောက် အကူပြုယာဉ်(၃)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးသတ်စက်ယာဉ်(၁)စီး၊ ပိုလန်မီးသတ်ယာဉ်(၁)စီး၊ အမြှုပ် မီးသတ်ယာဉ်(၁)စီးတို့ဖြင့် ဝိုင်းဝန်းငြိမ်းသတ်ရာ အောက်တိုဘာ ၁၅ ရက်နေ့ နံနက်  ၈ နာရီ ၄၀ မိနစ် အချိန်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။


မီးလောင်မှုကြောင့် ကျား(၈) ဦးသေဆုံးပြီး ကျား(၃)ဦး ဆေးကုသလျက်ရှိကာ စုစုပေါင်း (၁၁)ဦးဖြစ်ကြောင်း သိရသည်။

ထားဝယ်ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.