ပုဇွန်တောင်မြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း အခက်အခဲမရှိစေရေးအတွက် ကွင်းဆင်းကြည့်ရှုအားပေး


 


ပုဇွန်တောင် အောက်တိုဘာ ၁၁

 

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူလျက်ရှိရာ ယနေ့နံနက် ၇ နာရီက ဗိုလ်တထောင် ခရိုင်သန်းခေါင်စာရင်း ကော်မတီဥက္ကဋ္ဌ ဦးအောင်လွင်၊ ဗိုလ်တထောင်ခရိုင် သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး ဒုတိယညွန်ကြားရေးမှူး ဒေါ်မိုးမိုးအေး၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့် တာဝန်ရှိသူများက သန်းခေါင်စာရင်းကောက်ယူရာ၌ အခက်အခဲမရှိစေရေးအတွက် ကွင်းဆင်းကြည့်ရှုအားပေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

 

ပုဇွန်တောင်မြို့နယ်တွင် ရပ်ကွက် (၁၀) ရပ်ကွက်ကောက်ကွက်ပေါင်း (၁၁၇) ကွက်ရှိပြီး အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ကောက်ယူသွားမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် မူဝါဒများ ချမှတ်ရန်အတွက် အရေးကြီးသော လူဦးရေနှင့် လူမှုစီးပွားဆိုင်ရာ အချက်အလက်များရနိုင်မည့် တစ်ခုတည်းသော စီမံကိန်း လုပ်ငန်းဖြစ်သည့်အတွက် အမျိုးသားရေးတာဝန်အဖြစ် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

 

ဟန်စုယဉ်

No comments

Powered by Blogger.