အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား



မြန်မာစံတော်ချိန် ၁၁:၃၀ နာရီ အချိန်ထုတ်ပြန်ချက်

 

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်၊ မြန်မာစံတော်ချိန် (၁၁) နာရီ၊ (၁၀) မိနစ်တွင် ကန့်ဘလူ မြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၃၅) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း သပိတ်ကျင်းမြို့၏ အနောက်တောင်ဘက် (၅) မိုင်ခန့်အကွာတွင် ငလျင်တစ်ခုလှုပ်ရှားသွားကြောင်း သိရသည်။

 

အဆိုပါငလျင်သည် မြောက်လတ္တီတွဒ် (၂၂.၈၅) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၉၁) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ် (ခ်) တာစကေး (၅.၃) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု ဖြစ်ကြောင်း သိရသည်။

 

Credit> မိုးဇလ

No comments

Powered by Blogger.