ဘုတလင်မြို့နယ် စီပါကျေးရွာမှ ပြည်သူခြောက်ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ရက်ရက်စက်စက် သတ်ဖြတ်သည်ဟု မဟုတ်မမှန်လုပ်ကြံဝါဒဖြန့်လျက်ရှိ
နေပြည်တော် အောက်တိုဘာ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ်
စီပါကျေးရွာမှ ပြည်သူခြောက်ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ရက်ရက်စက်စက် သတ်ဖြတ်သွားခဲ့သည်ဟု
တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံ ဝါဒဖြန့်မှုများ လုပ်ဆောင်လျက်ရှိကြောင်း
သိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ စိစစ်ချက်များအရ
ဖြစ်စဉ်အမှန်မှာ စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ် စီပါကျေးရွာတွင် PDF အမည်ခံအကြမ်းဖက်အဖွဲ့များ
ရောက်ရှိခိုအောင်းလျက်ရှိကြောင်း တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် တာဝန်သိပြည်သူတစ်ဦး၏
သတင်းပေးပို့ချက်အရ အောက်တိုဘာ ၁၇ ရက် နံနက် ၉ နာရီခန့်တွင် နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့်
ကျေးရွာအတွင်းရှိ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ နေထိုင်လျက် ရှိသည်ဆိုသည့်နေအိမ်များအား
သွားရောက်ရှင်းလင်းခဲ့ရာ အကြမ်းဖက်အဖွဲ့များသည် စီပါကျေးရွာ၏ အနောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားကြောင်း
ထပ်မံသိရှိရသဖြင့် လိုအပ်သည့် နယ်မြေလုံခြုံရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့သည်။
အဆိုပါ ခေတ္တတိမ်းရှောင်ဆုတ်ခွာထွက်ပြေးသွားသည့်
PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များ စီပါကျေးရွာမှ
ထွက်ခွာသွားပြီးနောက် အောက်တိုဘာ ၁၈ ရက်တွင် စီပါကျေးရွာသို့ ဝင်ရောက်လာခဲ့ပြီး ကျေးရွာအတွင်း
နေထိုင်လျက်ရှိသောပြည်သူများအား စစ်ဆေးမေးမြန်းမှုများပြုလုပ်ကာ အရပ်သားပြည်သူခြောက်ဦးအား
လုံခြုံရေးတပ်ဖွဲ့ဝင်များကို သတင်းပေးသည်ဟု စွပ်စွဲ၍ ရက်စက်စွာ သတ်ဖြတ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းများအား
၎င်းတို့နေအိမ်ခြံစည်းရိုးများ၊ နေအိမ်အတွင်း မြေကွက်လပ်များတွင်ထားရှိကာ နောင်တွင်စစ်ကြောင်းများကို
သတင်းပေးပို့သူများအား ထိုကဲ့သို့အပြစ်ပေး၊ အရေးယူကာ သေဒဏ်အဖြစ် သတ်မှတ်ခြင်းခံရမည်ဟု
ခြိမ်းခြောက်ပြောကြားကာ ကျေးရွာမှ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ PDF အမည်ခံအကြမ်းဖက်သမားများက
ပြည်သူလူထုအပေါ် ရက်စက်ယုတ်မာပြီး လူမဆန်သည့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့မှုကို
တရားမဝင်ပြည်ဖျက်မီဒီယာများက လုံခြုံရေးတပ်ဖွဲ့ဝင်များက လုပ်ဆောင်ခဲ့သည်ဟု ပြည်သူလူထုအထင်အမြင်
လွဲမှားစေရန်နှင့် ဒေသတည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် ရည်ရွယ်၍ ယခုကဲ့သို့ မဟုတ်မမှန်လုပ်ကြံရေးသား
ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
20-10-2024%20Butalin%20truenews-2.jpg)
No comments