နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)  အရာထမ်းငယ်သင်တန်းအမှတ်စဉ်(၁၃၀) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

 


 

ရန်ကုန်၊ အောက်တိုဘာ  ၁၅


အရာထမ်းငယ်သင်တန်းအမှတ်စဉ်၁၃၀) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန် တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ နိုင်ငံ့၀န်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) စစ်ရေးပြကွင်း၌ ကျင်းပရာ သင်တန်းဆင်းတပ်ခွဲက နိုင်ငံတော်အလံအား အလေးပြုခဲ့ပြီး ဆက်လက်၍ ပါမောက္ခချုပ် ဦးကျော်ထွေးကို အလေးပြုကြသည်။


အခမ်းအနားတွင် ပါမောက္ခချုပ်က သင်တန်းသားစံပြဆုကို သင်တန်းသား ဦးနန်းဦးလွင်၊ တောအုပ်ကြီး၊ သစ်တောဦးစီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနကို လည်းကောင်း၊ သင်တန်းသူစံပြဆုကို သင်တန်းသူ ဒေါ်ဇွန်ရတနာလှိုင်၊ ဒုတိယဦးစီးမှူး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံး၊ ပြည်ထောင်စုလွှတ်တော်ရုံးကိုလည်းကောင်း၊ သေနတ်ပစ်ထူးချွန်ဆု၊ စစ်ရေးပြထူးချွန်ဆု ရရှိသူများနှင့် သင်တန်းဆင်း အောင်လက်မှတ်များကိုလည်းကောင်း ချီးမြှင့်ပြီး သင်တန်းဆင်း မိန့်ခွန်းပြောကြားသည်။


တန်းဆင်းပွဲအခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူး/ ပါမောက္ခများ၊ သင်ကြား/စီမံဌာနများမှ တာဝန်ရှိသူများနှင့် သင်တန်းသား(၁၆၇)ဦး၊ သင်တန်းသူ(၁၉၄)ဦး စုစုပေါင်း(၃၆၁)ဦးတို့ တက်ရောက်ခဲ့ ကြောင်းနှင့် သင်တန်းကာလမှာဩဂုတ် ၅ ရက်မှ အောက်တိုဘာ ၁၅ ရက်ထိ  ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)



No comments

Powered by Blogger.