ဇလွန်မြို့၌ မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးနစ်မြုပ်မှုကြောင့် ရေဘေးသင့်အိမ်ထောင်စုများအား ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်
ဇလွန် အောက်တိုဘာ ၉
ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ်တွင် ဇူလိုင်လနှင့် သြဂုတ်လတို့၌ မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးနစ်မြုပ်မှုကြောင့် နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သော ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သော APTERR + 3 အကူအညီဖြင့် အရန်ဆန်များ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် တာဝန်ရှိသူများက ဆန်တန်းရပ်ကွက် အိမ်ထောင်စု ၃၂ စုရှိ လူဦးရေ ၁၃၉ ဦးတို့အတွက် စုစုပေါင်းဆန် ၂၈၇ ပြည်၊ နန်းတော်ကျွန်းကျေးရွာအုပ်စု အိမ်ထောင်စု ၆၀ စုရှိ လူဦးရေ ၂၃၅ ဦးတို့အတွက် စုစုပေါင်းဆန် ၅၄၀ ဒသမ ၅၆ ပြည်၊ ကြာအင်းကျေးရွာအုပ်စု အိမ်ထောင်စု ၁၂ စုရှိ လူဦးရေ ၆၅ ဦးတို့အတွက် စုစုပေါင်းဆန် ၁၄၆ ပြည်၊ ညောင်ပင်သာကျေးရွာအုပ်စု အိမ်ထောင်စု ၂၂ စုရှိ လူဦးရေ ၈၅ ဦးတို့အတွက် စုစုပေါင်းဆန် ၁၉၁ ပြည် စုစုပေါင်း အိမ်ထောင်စု ၁၂၆ စု၊ လူဦးရေ ၅၂၄ ဦးတို့အတွက် ဆန်ပြည်ပေါင်း ၁၁၆၄ ဒသမ ၅၆ ပြည်အား ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ဝေယံ - ဇလွန်(ပြန်/ဆက်)

No comments