လက်ဘနွန်နိုင်ငံ၌ အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၄၆၄ ဦးရှိလာ
အောက်တိုဘာ ၂၁
လက်ဘနွန်နိုင်ငံ၌ အစ္စရေး-ဟစ်ဇ်ဘိုလာ
ပဋိပက္ခစတင်ဖြစ်ပွားချိန်မှစ၍ အစ္စရေးလေကြောင်း တိုက်ခိုက်မှုများကြောင့် သေဆုံးသူ
၂၄၆၄ ဦးရှိလာပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၁၅၃၀ မြင့်တက် လာကြောင်း လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက
ယမန်နေ့ကဖော်ပြထားသည်။
အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့်
အောက်တိုဘာ ၁၉ ရက် တစ်ရက်အတွင်းမှာပင် ၁၆ ဦး သေဆုံးပြီး အခြား ၅၉ ဦး ဒဏ်ရာရရှိခဲ့သည်ဟု
ထိုဝန်ကြီးဌာနကဆိုသည်။
အဆိုပါလေကြောင်းတိုက်ခိုက်ခံရမှုကြောင့်
တောင်ပိုင်းခရိုင်တွင် ၁၁ ဦးသေဆုံးပြီး အခြား ၂၇ ဦး ဒဏ်ရာရရှိပြီး နာဗတိမြို့တွင် ငါးဦးသေဆုံးပြီး
၂၃ ထိခိုက်ဒဏ်ရာရရှိကာ ဘီကာတောင်ကြားတွင် ကိုးဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
အစ္စရေးတပ်မတော်သည် စက်တင်ဘာ
၂၃ ရက်နောက်ပိုင်းတွင် လက်ဘနွန်နိုင်ငံ၌ ပြင်းထန်သော လေကြောင်း တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။
ဂါဇာကမ်းမြောင်ဒေသတွင် ဟားမတ်စ်နှင့်
အစ္စရေးတို့ကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိပြီး ဟစ်ဇ်ဘိုလာနှင့် အစ္စရေးတပ်မတော်တို့သည်
၂၀၂၃ ခုနှစ် အောက်တိုဘာ ၈ ရက်ကစတင်ကာ လက်ဘနွန်-အစ္စရေးနယ်စပ်ကိုဖြတ်ကျော်ကာ အပြန်အလှန်ပစ်ခတ်မှုများပြုလုပ်ခဲ့ကြသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments