နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဇမ္ဗူသီရိမြို့နယ်အတွင်း အမှုထမ်းအိမ်ရာများနှင့် အပျိုဆောင်/ လူပျိုဆောင် ဆောက်လုပ်ရေး လုပ်ငန်းခွင်များ ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ အောက်တိုဘာ ၂၀


နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်အတွင်း နေပြည်တော်ကောင်စီ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်နေသည့် အမှုထမ်း အိမ်ရာများနှင့် အပျိုဆောင်/ လူပျိုဆောင် ဆောက်လုပ်ရေးလုပ်ငန်းခွင်များကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။


ဦးစွာ ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်အတွင်း နေပြည်တော်ကောင်စီ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်နေသည့် ( ၂၂၂ ပေ × ၄၄ ပေ) သံကူ ကွန်ကရစ် နှစ်ထပ်အဆောက်အဦး အပျိုဆောင်နှစ်လုံးတည်ဆောက်နေမှု အခြေအနေများနှင့်  (၂၂၂ ပေ × ၄၄ ပေ) သံကူကွန်ကရစ် နှစ်ထပ်အဆောက်အဦ လူပျိုဆောင်တစ်လုံး တည်ဆောက် နေမှု အခြေအနေများ၊ ဉာဏသိဒ္ဓိရပ်ကွက်အတွင်း အမှုထမ်းအိမ်ရာ ခြောက်ခန်းတွဲ လေးထပ် (2-Bed) သံကူကွန်ကရစ် အဆောက်အဦ ကိုးလုံး တည်ဆောက်နေမှု အခြေအနေများ၊ ဇမ္ဗူသီရိ မြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ သုခတော်ဝင်အိမ်ရာစီမံကိန်းအပိုင်း (၂) တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက ရေရှည် ခိုင်ခံ့ရေး၊ အရည်အသွေးကောင်းမွန်ရေး၊ သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း ပြီးစီးရေးတို့ကို အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် လိုအပ်သည်များကိုမှာကြားသည်။


ထို့နောက် နေပြည်တော်ကောင်စီရုံးဝန်းအတွင်း နေပြည်တော်ကောင်စီ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်နေသည့် အမှုထမ်းအိမ်ရာ ခြောက်ခန်းတွဲ လေးထပ် သံကူကွန်ကရစ် အဆောက်အဦတစ်လုံး တည်ဆောက်နေမှု အခြေအနေများနှင့်  ( ၂၂၂ ပေ × ၄၄ ပေ) သံကူကွန်ကရစ် နှစ်ထပ်အဆောက်အဦး အပျိုဆောင်တစ်လုံး တည်ဆောက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။


သတင်းစဉ်


No comments

Powered by Blogger.