မွန်ဂိုလီးယားနိုင်ငံ၌ နိုင်ငံခြားခရီးသွားဝင်ရောက်မှုစံချိန်တင်မြင့်တက်

 


အောက်တိုဘာ ၁၀

မွန်ဂိုလီးယားနိုင်ငံသို့ ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံခြားခရီးသွား ၆၈၀၇၁၁ ဦး ဝင်ရောက်ခဲ့ရာ နိုင်ငံခြား ခရီးသွားဝင်ရောက်မှု စံချိန်တင်မြင့်တက်ခဲ့ကြောင်း အစိုးရအဖွဲ့ရုံးက ယနေ့တွင် သတင်းထုတ်ပြန် ခဲ့သည်။

ဝန်ကြီးချုပ်က ၂၀၂၄ နှစ်ကုန်ပိုင်းတွင် နိုင်ငံခြားခရီးသွား တစ်သန်းအထိ ဝင်ရောက်မှုများပြားစေရေး အတွက် အားထုတ်လုပ်ဆောင်ကြရန် သက်ဆိုင်ရာ အဖွဲ့အစည်းများအား တိုက်တွန်းပြောကြား ထားသည်။ ရာသီအားလုံး ခရီးသွားများဝင်ရောက်မှုရှိရန် တစ်နှစ်ပတ်လုံးခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးသည် အရေးပါသည်ဟု ၎င်းက အလေးထားပြောကြားသည်။

အစိုးရအဖွဲ့က နှစ်စဉ် နိုင်ငံခြားခရီးသွား တစ်သန်းထက်မနည်း ဝင်ရောက်မှုရှိရန် ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်းကို မွန်ဂိုလီးယားခရီးသွားနှစ်အဖြစ် ကနဦးသတ်မှတ်ထားသည်။

၂၀၂၃ ခုနှစ်က နိုင်ငံခြားခရီးသွား ၆၅၀၀၀၀ ကျော် ဝင်ရောက်ခဲ့ပြီး ခရီးသွားလုပ်ငန်းမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံရရှိခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.