သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်မြတ်ကြီးတွင် မသိုးသင်္ကန်းယှဉ်ပြိုင် ရက်လုပ် ကပ်လှူပူဇော်ပွဲနှင့် ဆွမ်းတော်ကြီး ကပ်လှူပူဇော်ပွဲ ကျင်းပမည်




ရန်ကုန် နိုဝင်ဘာ ၂


သီရိမင်္ဂလာကမ္ဘာအေးစေတီတော်မြတ်ကြီးတွင် (၂၄) ကြိမ်မြောက် မသိုးသင်္ကန်း ယှဉ်ပြိုင် ရက်လုပ်ကပ်လှူပူဇော်ပွဲနှင့် ဆွမ်းတော်ကြီးကပ်လှူပူဇော်ပွဲကို စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


သီရိမင်္ဂလာကမ္ဘာအေးစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်၌ ၁၃၈၆-ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက် ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၄ရက် (ကြာသပတေးနေ့) ညနေ ၄နာရီခွဲတွင် ဖွင့်ပွဲအခမ်းအနားကျင်းပ၍ မသိုးသင်္ကန်းတော်များ ရက်လုပ် ကာ  တန်ဆောင်မုန်းလပြည့် ၂၀၂၄ခုနှစ် နိုဝင်ဘာ ၁၅ ရက် (သောကြာနေ့) နံနက် အာရုံမတက်မီ နံနက် ၄ နာရီခွဲတွင် မြတ်စွာဘုရားရှင်အားရည်မှန်း၍ ကပ်လှူပူဇော်သွားမည်ဖြစ်ကြောင်း။


ယင်းနောက် နံနက် ၅ နာရီ ၁၅ မိနစ်တွင် ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်း သွားမည်ဖြစ်ပြီး နံနက် ၆ နာရီတွင် သြဝါဒါစရိယ ဆရာတော်ကြီးများထံမှ လှူဒါန်းမှု အစုစုအတွက် အနုမောဒနာတရား နာကြားကာ ကုသိုလ်အမျှပေးဝေကြမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သဒ္ဓါကြည်လင်ပါရမီရှင်များအနေဖြင့် မသိုးသင်္ကန်း ယှဉ်ပြိုင်ရက်လုပ် ကပ်လှူ ပူဇော်ပွဲနှင့် ဆွမ်းတော်ကြီးကပ်လှူပူဇော်ပွဲသို့ ကြွရောက်၍ ကြည်ညိုသဒ္ဓါပွားများပြီး တတ်အားသရွေ့ ကုသိုလ်ပါဝင်လှူဒါန်းနိုင်ကြောင်း သိရှိရပြီး လှူဒါန်းလိုပါက ဂေါပက အဖွဲ့ရုံးသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။


ဇော်မင်းလတ်(MNA) 

No comments

Powered by Blogger.