ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်ရှိ အခြေခံပညာကျောင်းများ ကြည့်ရှုစစ်ဆေး




နေပြည်တော် နိုဝင်ဘာ ၆


ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးခင်မောင်ကြည်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ငပုတော မြို့နယ် ရွှေမြကွင်း အခြေခံပညာ အလယ်တန်းကျောင်းနှင့် ငပုတောမြို့ အခြေခံပညာအထက် တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ ဆရာဆရာမများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကိုဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ 


ယင်းနောက် ကျောင်းစာကြည့်တိုက်သို့သွားရောက်၍ ကျောင်းသားကျောင်းသူများ ကျောင်းစာကြည့်တိုက်ကို အကျိုးရှိ ထိရောက်‌အောင် အသုံးပြုနိုင်ရေးဆောင်ရွက်ရန်၊ ဘာသာ ရပ်အလိုက် စာအုပ်များ ပြည့်စုံစွာထားရှိရန်မှာကြားကာ ကျောင်းစာကြည့်တိုက်စနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။


ဆက်လက်၍ ငပုတောမြို့နယ်ပညာရေးမှူးရုံး ဆောက်လုပ်နေမှု အခြေအနေများ ကိုကြည့်ရှုစစ်ဆေးကာ အဆောက်အဦး အရည်အသွေးကောင်းမွန်ရေး၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းစေရေး၊ သတ်မှတ်ချိန် ကာလတွင်းပြီးမြောက်ရေးတို့ကို မှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ 


ထိုမှတစ်ဆင့် ငပုတောမြို့နယ် အမှတ်(၂)အခြေခံပညာ မူလတန်းကျောင်း (တောင်ပိုင်း)၊ သမ္မာဒေဝကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)၊ တောင်ကလေး အခြေခံပညာအ ထက်တန်းကျောင်းနှင့် ကျုံကူးအခြေခံပညာအထက်တန်း ကျောင်းများသို့သွား ရောက်ကြည့်ရှုစစ်ဆေး၍  ကျောင်းသားကျောင်းသူများ အေးချမ်းစွာပညာ သင်ကြားနေမှုများကို လှည့်လည်ကြည့်ရှု အားပေးစကားပြောကြားသည်။


ထို့နောက် ဆရာဆရာမများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ သင်ကြားရေး၊ စီမံခန့်ခွဲရေးဆိုင်ရာများ၊ တည်ဆောက်ရေး၊ ကျောင်းဆောင် ပြင်ဆင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများနှင့် ကျောင်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြား၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.