ရန်ကုန်-ပုသိမ် ခရီးစဉ်နှင့် ရန်ကုန်-ညောင်ဦး ခရီးစဉ် အပတ်စဉ်ပြေးဆွဲမည်
နေပြည်တော် နိုဝင်ဘာ ၆
လာမည့် ပွင့်လင်းရာသီတွင်
ချောင်းသာကမ်းခြေနှင့် ငွေဆောင်ကမ်းခြေများသို့ သွားရောက်ကြမည့် ခရီးသည်များအတွက် နိုဝင်ဘာလအတွင်း ရန်ကုန်-ပုသိမ် ခရီးစဉ်ကို
အပတ်စဉ် တနင်္ဂနွေနေ့များဖြစ်သည့် ၁၀၊ ၁၇၊ ၂၄ ရက်တို့တွင်လည်းကောင်း၊ ပုဂံဘုရားဖူးထွက်လိုသော
ခရီးသည်များအတွက် ရန်ကုန်-ညောင်ဦး ခရီးစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့များဖြစ်သည့် ၁၃၊
၂၀၊ ၂၇ ရက်နှင့် ညောင်ဦး-ရန်ကုန်ခရီးစဉ်ကို အပတ်စဉ် တနင်္လာနေ့များဖြစ်သည့် ၁၁၊ ၁၈၊
၁၅ ရက်တို့တွင် လည်းကောင်း ပြေးဆွဲရန် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ စီစဉ်ထားရှိကြောင်း
သိရသည်။
ရန်ကုန်-ပုသိမ် ခရီးစဉ်သည်
ရန်ကုန်မှ နံနက် ၁၁ နာရီခွဲတွင် ထွက်ခွာ၍ ပုသိမ်သို့ မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်တွင်
လည်းကောင်း၊ ရန်ကုန်-ညောင်ဦး ခရီးစဉ်သည် ရန်ကုန်မှ နံနက် ၆ နာရီ ၁၅ မိနစ်တွင် ထွက်ခွာ၍
ညောင်ဦးသို့ နံနက် ၇ နာရီ ၃၅ မိနစ်တွင် လည်းကောင်း၊ ညောင်ဦး-ရန်ကုန်ခရီးစဉ်သည် ညောင်ဦးမှ
ညနေ ၅ နာရီတွင် ထွက်ခွာ၍ ရန်ကုန်သို့ ည ၇ နာရီတွင်လည်းကောင်း ရောက်ရှိမည်ဖြစ်ကြောင်း
မြန်မာအမျိုးသားလေကြောင်းလိုင်းမှ သိရသည်။
မြန်မာအမျိုးသားလေကြောင်းလိုင်းသည်
ခရီးစဉ်များအတွက် လေယာဉ်လက်မှတ် ဈေးနှုန်းများကို ရန်ကုန်-ပုသိမ် ခရီးစဉ် အသွားတစ်ကြောင်းစာ
၁၆၀၀၀၀ ကျပ်၊ ရန်ကုန်-ညောင်ဦး ခရီးစဉ် အသွားတစ်ကြောင်းစာ ၂၉၀၀၀၀ ကျပ်နှင့် ညောင်ဦး-ရန်ကုန်
ခရီးစဉ် အသွားတစ်ကြောင်းစာ ၂၇၀၀၀၀ ကျပ် သတ်မှတ်ထားပြီး ခရီးစဉ်အား ATR 72-600 လေယာဉ်ဖြင့်
ပျံသန်းပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments