“ပုသိမ်ထောင်ရှိ အကျဉ်းသားများထံ ပါဆယ်ပစ္စည်းပေးပို့ခွင့်မရ” ဟူသော ခေါင်းစဉ်ဖြင့် မဟုတ်မမှန် လုပ်ကြံရေးသား
နေပြည်တော်
နိုဝင်ဘာ ၆
DVB TV News အမည်ခံ
Facebook Page သည် အောက်တိုဘာ ၃၁ ရက်တွင် “ပုသိမ်ထောင်ရှိ အကျဉ်းသားများထံ ပါဆယ်ပစ္စည်းပေးပို့ခွင့်မရ”
ဟူသော ခေါင်းစဉ်ဖြင့် မဟုတ်မမှန် လုပ်ကြံသတင်းရေးသား ဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။
ဖြစ်စဉ်အမှန်ကိုစိစစ်ရာ
ပုသိမ်အကျဉ်းထောင်၌ အကျဉ်းသား/သူ၊ အချုပ်သား/သူများ၏ ထောင်ဝင်စာတွေ့ဆုံခြင်း၊
ပါဆယ်လက်ခံခြင်းများကို အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ
လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး ပုသိမ်အကျဉ်းထောင်ရှိ ထောင်တာဝန်ခံ အရာရှိသည်
အကျဉ်းသား/သူ၊ အချုပ်သား/သူများ၏ ထောင်ဝင်စာ ဧည့်တွေ့ခွင့်ကို တစ်လလျှင်တစ်ကြိမ်၊
ပါဆယ်ပစ္စည်းများပေးသွင်းခြင်းကို နှစ်ပတ်လျှင် တစ်ကြိမ် လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း
သိရသည်။
ထို့ပြင်
လက်ရှိအချိန်ထိ အကျဉ်းသား/ အချုပ်သားများအား ထောင်ဝင်စာ တွေ့ဆုံခွင့်ကို
အကျဉ်းထောင်နည်းဥပဒေနှင့်အညီ စိစစ်ခွင့်ပြုပေးလျက်ရှိပြီး စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာ
၃၁ ရက်အထိ ပျမ်းမျှနေ့စဉ် ၇ဝ ခန့် ထောင်ဝင်စာ ဧည့်တွေ့ခွင့် နှင့်
ပါဆယ်ပစ္စည်းများ ပေးသွင်းခြင်းကို လက်ခံဆောင်ရွက်ပေးခဲ့သဖြင့် DVB သတင်းပါ
အချက်အလက်များသည် မှန်ကန်မှုမရှိကြောင်း သိရှိရသည်။
ပုသိမ်အကျဉ်းထောင်ရှိ အကျဉ်းသား/သူများ၏ မိသားစုဝင်တစ်ဦးဦးမှ ထောင်ဝင်စာ ဧည့်တွေ့ဖြစ်စေ၊ ပါဆယ်ပစ္စည်းပေးသွင်းခွင့်ဖြစ်စေ ပေးပို့ခွင့်မရပါက တိကျစွာ တိုင်တန်းတင်ပြနိုင်ပြီး စစ်ဆေးဖော်ထုတ်ပေးမည်ဖြစ်ကာ အပြစ်ကျူးလွန်ကြောင်း တွေ့ရှိပါက အရေးယူမည်ဖြစ်သည့်အတွက် DVB Media အမည်ခံ Facebook Page ၏ ဖော်ပြမှုသည် ပြည်သူအများ အထင်အမြင် လွဲမှားစေရန်နှင့် အကျဉ်းထောင်၏ လုပ်ရိုးလုပ်စဉ် လုပ်ငန်းများကို ထင်ယောင်ထင်မှားဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် မဟုတ်မမှန် သတင်းဖော်ပြခြင်းသာ ဖြစ်သည်။
သစ္စာ
No comments