နီပေါနိုင်ငံသို့ ၂၀၂၄ ခုနှစ် ၁၀ လအတွင်း နိုင်ငံခြားခရီးသွားတစ်သန်းနီးပါး ဝင်ရောက်
နိုဝင်ဘာ ၅
နီပေါနိုင်ငံတွင် ၂၀၂၄ ခုနှစ်
၁၀ လအတွင်း နိုင်ငံခြားခရီးသွားတစ်သန်းနီးပါး ဝင်ရောက်ခဲ့ကြောင်း ခရီးသွားလုပ်ငန်းအဖွဲ့က
ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။
ယခုနှစ် အောက်တိုဘာလအထိ နိုင်ငံခြားခရီးသွားဝင်ရောက်မှုပေါင်း
၉၆၀၀၂၂ ဦးရှိရာ လွန်ခဲ့သောနှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁၅ ဒသမ ၆၆ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်ဟု
သိရသည်။
အောက်တိုဘာလတစ်လအတွင်းမှာပင်
နိုင်ငံခြားခရီးသွား ၁၂၄၃၉၃ ဝင်ရောက်ခဲ့ရာ
၂၀၂၃ ခုနှစ် အောက်တိုဘာအတွင်း ခရီးသွားဝင်ရောက်မှုထက် ၆ ဒသမ ၀၄ ရာခိုင်နှုန်းပိုမိုများပြားခဲ့သည်။
စက်တင်ဘာလနောက်ဆုံးသီတင်းပတ်က
မိုးရွာသွန်းမှုကြောင့်ဖြစ်ပေါ်ခဲ့သောသဘာဝဘေးအန္တရာယ်များကြောင့် အောက်တိုဘာလတွင် များစွာသောခရီးသွားများသည်
၎င်းတို့၏ခရီးစဉ်များကိုပယ်ဖျက်ခဲ့ကြသည်ဟု ခရီးသွားလုပ်ငန်း ညွှန်ကြားရေးမှူး မာနီရတ်ဂျ်က
ဆင်ဟွာသတင်းဌာနသို့ပြောကြားသည်။
နိုင်ငံတစ်ဝန်းတွင် စက်တင်ဘာလနှောင်းပိုင်းက
အဆက်မပြတ်မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရေကြီးမှုနှင့် မြေပြိုမှုများဖြစ်ပွားခဲ့သဖြင့်
လူပေါင်းရာချီသေဆုံးခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
No comments