အစ္စရေးကာကွယ်ရေးဝန်ကြီး ရာထူးမှ ထုတ်ပယ်ခံရ
ဂျေရုဆလင် နိုဝင်ဘာ
၆
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုသည်
ကာကွယ်ရေးဝန်ကြီး ယို့ဗ်ဂေါလန့်ကို ရာထူးမှ ယမန်နေ့ တွင် ထုတ်ပယ်ခဲ့ကြောင်း သိရသည်။
လွန်ခဲ့သည့်လအနည်းငယ်အတွင်း
ဂါဇာအရေးနှင့်ပတ်သက်ပြီး ၎င်းနှင့် ဂေါလန့်တို့အကြား သဘောထားချင်းမတိုက်ဆိုင်သည့်အတွက်
ရာထူးမှ ဖယ်ရှားခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ် နေတန်ယာဟုက ယမန်နေ့တွင် ကြေညာချက်တစ်ရပ်
ထုတ်ပြန်ခဲ့သည်။
အစ္စရေးနိုင်ငံ၏ လုံခြုံရေးသည်
၎င်း၏ တာဝန်ဖြစ်ခဲ့သည့်အတိုင်း အနာဂတ်ကာလ များတွင်လည်း နိုင်ငံ၏ လုံခြုံရေးအတွက် အစဉ်အမြဲ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း
ကာကွယ်ရေး ဝန်ကြီး ဂေါလန့်က လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့ကြောင်း သိရသည်။
၎င်းတို့နှစ်ဦးသည် ဂါဇာကမ်းမြောင်ဒေသအရေးနှင့်ပတ်သက်ပြီး
သဘောထားကွဲလွဲမှုများ ရှိသည်။
ဓားစာခံများ လွတ်မြောက်ရေးအတွက် ဟားမတ်စ်နှင့် အပစ်အခတ်ရပ်စဲရေး
ဆွေးနွေးရာတွင် လိုက်လျောမှုများ ပြုလုပ်ရန်လိုအပ်ကြောင်း ဂေါလန့်က အကြံပြုပြောကြားသော်လည်း
နေတန်ယာဟုက တင်းမာသော ရပ်တည်ချက်တစ်ရပ်ကို ခံယူထားကြောင်း သိရသည်။
ကာကွယ်ရေးဝန်ကြီး ယို့ဗ်ဂေါလန့်၏ ရာထူးနေရာတွင် နိုင်ငံခြားရေးဝန်ကြီး
အစ္စရေး ခတ်ဇ်ကို အစားထိုးခန့်အပ်သွားမည်ဖြစ်ကြောင်း
နေတန်ယာဟုက ပြောကြားသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်

No comments