သီရိလင်္ကာနိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုသတိပေးချက်ထုတ်ပြန်



နိုဝင်ဘာ ၆

သီရိလင်္ကာနိုင်ငံ၏ ဒေသအများအပြားတွင် မိုးသည်းထန်စွာရွာသွန်းမှုများဆက်လက်ဖြစ်ပွားလျက်ရှိသဖြင့် ခရိုင်ရှစ်ခုရှိ ဒေသအများအပြားတွင် အမျိုးသားအဆောက်အဦသုတေသနအဖွဲ့အစည်း(အင်န်ဘီအာအို)က ယမန်နေ့က မြေပြိုမှု သတိပေးချက်များ ထုတ်ပြန်ထားသည်။

အဆိုပါသတိပေးချက်များသည် နိုဝင်ဘာ ၆ ရက် ညနေ ၄ နာရီအထိတိုင် တည်ရှိနေမည်ဖြစ်ကြောင်း အင်န်ဘီအာအိုက ဆိုသည်။

ခရိုင်သုံးခုအတွင်းရှိ ဒေသအများအပြားတွင် အဆင့်တစ်နှင့် အဆင့်နှစ် သတိပေးချက်များထုတ်ပြန်ထားသည်ဟု သိရသည်။

နိုဝင်ဘာ ၅ ရက်နှင့် ၆ ရက်တို့တွင် ထိုကျွန်းရှိဒေသအများစုတွင် မိုးရေချိန် ၁၀၀ မီလီမီတာကျော်လွန်မည်ဟု မိုးလေဝသဌာနက ကြိုတင်ခန့်မှန်းထားသည်။ ယမန်နေ့မွန်းလွဲပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူပေါင်း ၃၀၀ ကျော် ထိခိုက်ခဲ့ကြောင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးစင်တာက သတင်းထုတ်ပြန်ထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.