ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ရုံးချုပ်မှ ဒုတိယအမှုဆောင်ညွှန်ကြားရေးမှူး Mr. Edward Chaker Chaiban ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ



နေပြည်တော် နိုဝင်ဘာ ၁၂


ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့(UNICEF)ရုံးချုပ်မှ ဒုတိယအမှုဆောင်ညွှန်ကြားရေးမှူး Mr. Edward Chaker Chaiban ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် UNICEF က ထောက်ပံ့ပေးနေသော လုပ်ငန်းအစီအစဉ်များနှင့်စပ်လျဉ်း၍ အကောင်အထည် ဖော်ဆောင်ရွက်နေမှု အခြေအနေ၊ မြန်မာနိုင်ငံနှင့် UNICEF တို့အကြား ရှေ့ဆက်လက် ပူးပေါင်း ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးသည်။


တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ ဆိုင်ရာ UNICEF ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

(သတင်းစဉ်)

No comments

Powered by Blogger.