ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ရုံးချုပ်မှ ဒုတိယအမှုဆောင်ညွှန်ကြားရေးမှူး Mr. Edward Chaker Chaiban ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ



နေပြည်တော်၊ နိုဝင်ဘာ ၁၂


ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF)ရုံးချုပ်မှ ဒုတိယ အမှုဆောင်ညွှန်ကြား ရေးမှူး Mr. Edward Chaker Chaiban ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ ဆောင်၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် ဝန်ကြီဌာနနှင့် UNICEF အဖွဲ့တို့ ပူးပေါင်းဆောင်ရွက် နေသည့် ကျန်းမာရေးစောင့်ရှောက်မ လုပ်ငန်းများ၊ တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းများနှင့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ လက်ရှိပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ဝမ်းပျက်ဝမ်းလျောရောဂါ ကာကွယ်ဆေး (Oral Cholera Vaccine-OCV) တိုက်ကျွေးရေးလုပ်ငန်းများ  ဆောင်ရွက်နေသည့် ကိစ္စရပ်များ ကို အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။


တွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ UNICEF ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရသည်။

(သတင်းစဉ်)

No comments

Powered by Blogger.