နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး လဟယ်မြို့ရှိ ဌာနဆိုင်ရာများ၊ နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ခန္တီးမြို့ရှိ ဌာနဆိုင်ရာများနှင့်တွေ့ဆုံ



နေပြည်တော် ဇန်နဝါရီ ၁၇


လဟယ်မြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် အဖွဲ့ဝင်များ သည် ဇန်နဝါရီ ၁၆ ရက် နံနက်ပိုင်း က လဟယ်မြို့ ထေရဝါဒဗုဒ္ဓ သာသနာပြု(ဗဟို) ဘုန်းတော် ကြီးကျောင်းသို့ သွားရောက်၍ တောင်တန်းသာသနာပြု ဗဟို ခေါင်းဆောင် မြို့နယ်သံဃ နာယက အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တသုမနအား ဖူးမြော်ကြည်ညိုကာ ဆရာတော် ထံမှ ငါးပါးသီလခံယူဆောက်တည် ကြပြီး ဆွမ်းဆန်တော်နှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်း သည်။ ထို့အတူ လဟယ်မြို့ နှစ်ခြင်း ခရစ်ယာန်အသင်းသို့ သွားရောက်ခဲ့ပြီး သိက္ခာတော်ရ ဆရာတော်ဦးအထွန်းနှင့် တာဝန် ရှိသူများအားတွေ့ဆုံ၍ စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းသည်။


ဆက်လက်၍ ဒုတိယဝန်ကြီး ချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် နာဂယဉ်ကျေးမှုပြတိုက်ခန်းမ၌ လဟယ်မြို့နယ်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးပြောကြားသည်။


အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါက်တာမှုထန်၊ ပြည်ထောင်စု ဝန်ကြီးများ၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တပ်မတော်အရာ ရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဌာန ဆိုင်ရာဝန်ထမ်းများ၊ နာဂရိုးရာ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ကြသည်။

ဦးစွာ နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက နာဂ ဒေသ၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် စီမံကိန်းလုပ်ငန်း ဆိုင်ရာ အခြေအနေများကိုလည်း ကောင်း၊ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှု ကော်မတီများက ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ပေးစေ လိုမှုအခြေအနေများကို လည်း ကောင်း ရှင်းလင်းတင်ပြကြသည်။

ထို့နောက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီနှင့် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်တို့က လိုအပ်သည်များကို ရှင်းလင်းဆွေးနွေး ကြပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းတင်ပြမှုများအပေါ် တာဝန်ရှိသူ များနှင့် ပေါင်းစပ်ညှိနှိုင်းပေးကာ ဒေသအဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများသို့ လက်ဆောင် ပစ္စည်းများပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူ ကြသည်။


ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် တွေ့ဆုံပွဲတက်ရောက်လာသည့် ဌာနဆိုင်ရာ များ၊ နာဂရိုးရာစာပေနှင့်ယဉ်ကျေး မှုအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။


မွန်းလွဲပိုင်းတွင် ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့ဝင်များသည် လဟယ်မြို့မှ ခန္တီးမြို့သို့ရောက်ရှိ ကြပြီး ခန္တီးမြို့ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်း များအား တွေ့ဆုံရာ ခန္တီးခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ပညာ ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဒေသ ဆိုင်ရာအခြေအနေများကိုရှင်းလင်း တင်ပြ၍ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုကော်မတီ၊ ရှမ်းစာပေ နှင့် ယဉ်ကျေးမှုကော်မတီတို့က ဆောင်ရွက်ပေးစေလိုသည်များ ကို တင်ပြကြပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီနှင့် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်တို့က လိုအပ်သည်များကို ရှင်းလင်းဆွေနွေး ပြောကြားကာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းတင်ပြမှုများအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းပေးသည်။


ဆက်လက်၍ ဒုတိယဝန်ကြီး ချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများသို့ လက်ဆောင်ပစ္စည်းများပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူ ကြပြီး တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။


ထို့နောက် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့်အတူ နယ်မြေခံတပ်နယ်ခန်းမသို့ သွားရောက်၍ တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံနှုတ်ဆက်အားပေးစကား ပြောကြားကာ စားသောက်ဖွယ်ရာများ ပေးအပ်ရာ တာဝန်ရှိသူ များက လက်ခံရယူကြပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တက်ရောက် လာသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments

Powered by Blogger.