မိုးနဲ-ကုန်းလုံ-လွိုင်ယူးကာ လမ်းပိုင်း အဆင့်မြှင့်တင်ဆောင်ရွက်‌နေမှုအား ကွင်းဆင်းစစ်ဆေး



မိုးနဲ   ဇန်နဝါရီ   ၁၇

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကုန်းလွန်းကျေးရွာအုပ်စု၊ လွိုင်ယူးကာကျေးရွာရှိ မိုးနဲ-ကုန်းလုံ-လွိုင်ယူးကာ လမ်းပိုင်း မြေသားလမ်းမှ ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေမှုကို ယနေ့ နံနက် နာရီတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

မိုးနဲ-ကုန်းလုံ-လွိုင်ယူးကာ လမ်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ကျောက်ချောလမ်းခင်းခြင်း ဆောင်ရွက်နေမှုကို မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် စီမံကိန်းစစ်ဆေးရေးနှင့် အရည်အသွေးထိန်းသိမ်းရေးဌာနခွဲမှ အဖွဲ့ဝင်များက စစ်ဆေးခဲ့ပြီး တာဝန်ခံ အင်ဂျင်နီယာ အား လုပ်ငန်းများသတ်မှတ်ကာလ အချိန်မီပြီးစီးရေး၊ သတ်မှတ်လမ်းဒီဇိုင်းများ၏ စံချိန်စံညွှန်းများအတိုင်း အရည်အသွေးပြည်မီရေးကို မှာကြားခဲ့ကြောင်း သိရသည်။ 

 

အဆိုပါကားလမ်းပိုင်းပြီးစီးသွားပါက လွိုင်ယူးကာကျေးရွာရှိ အိမ်ခြေ ၁၈၁ အိမ်နှင့် အကျိုးပြုနိုင်မည့်ကျေးရွာ လေးရွာတို့မှ လူဦးရေ ၁၉၃၈ ဦးအတွက် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေလွယ်ကူစွာ သွားလာနိုင်မည် ဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)




 

No comments

Powered by Blogger.