ချီလီနိုင်ငံသို့ ၂၀၂၄ အတွင်း နိုင်ငံခြားခရီးသွား ငါးသန်းကျော်လာရောက်လည်ပတ်
ဇန်နဝါရီ ၁၇
ချီလီနိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း
ခရီးသွားငါးသန်းကျော်လာရောက်လည်ပတ်မှုရှိရာ ၂၀၂၃ ခုနှစ်က ခရီးသွားဝင်ရောက်မှုမှ ၄၀
ရာခိုင်နှုန်းကျော် ပိုမိုများပြားခဲ့ကြောင်း အာဏာပိုင်များက ဇန်နဝါရီ ၁၆ ရက်က ပြောကြားသည်။
အဆိုပါနိုင်ငံခြားခရီးသွား
၅၂၃၉၂၃၃ ဦး ဝင်ရောက်မှုသည် ခရီးသွားလုပ်ငန်းပြန်လည်ကောင်းမွန်မှုအမှတ်အသားဖြစ်ပြီး
၂၀၂၄ ခုနှစ်အတွင်း နိုင်ငံခြားခရီးသွားဝင်ရောက်မှုသည် ၂၀၂၃ ခုနှစ်က နိုင်ငံခြားခရီးသွားဝင်ရောက်မှုထက်
၄၀ ဒသမ ၄ ရာခိုင်နှုန်း တိုးလာကြောင်းနှင့် ၂၀၁၉ ခုနှစ် နိုင်ငံခြားခရီးသွားဝင်ရောက်မှုနှင့်နှိုင်းယှဉ်ပါက
၁၆ ရာခိုင်နှုန်းပိုမိုများပြားခဲ့သည်ဟု ခရီးသွားလုပ်ငန်း ဒုတိယဝန်ကြီး ဗာရိုနီကာပါဒိုက
ပြောသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလသည်
ခရီးသွားလာရောက်လည်ပတ်မှုအများဆုံးလဖြစ်ပြီး ခရီးသွား ၆၄၇၀၀၀ ကျော် ဝင်ရောက်ခဲ့ပြီး
၂၀၂၃ ခုနှစ်က ခရီးသွားဝင်ရောက်မှုထက် ၄၇ ဒသမ ၃ ရာခိုင်နှုန်း တိုးလာသည်ဟု ၎င်းကဆိုသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
No comments