ဇမ်ဘီယာနိုင်ငံ၌ ကာလဝမ်းရောဂါဖြစ်ပွားသူ ၉၆ ဦး၊ ငါးဦးသေဆုံး



ဇန်နဝါရီ ၃၁

ဇမ်ဘီယာနိုင်ငံတွင် လက်ရှိအချိန်အထိ ကာလဝမ်းရောဂါဖြစ်ပွားသူ ၉၆ ဦးရှိလာပြီး ယင်းရောဂါဖြင့်သေဆုံးသူ ငါးဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ကသတင်းထုတ်ပြန်ထားသည်။

ကိုပါဘတ်ပြည်နယ် ချီလီလာဘွန်ဘွဲခရိုင်တွင် ကာလဝမ်းရောဂါဖြစ်ပွားမှုအများဆုံးဖြစ်ပြီး ကာလဝမ်းရောဂါဖြစ်ပွားသူ ၇၀ ရှိပြီး ၎င်းခရိုင်ပြီးလျှင်  နိုင်ငံမြောက်ပိုင်းရှိ နာကွန်ဒီခရိုင်ဖြစ်ပြီး ကာလဝမ်းရောဂါဖြစ်ပွားသူ ၂၁ ဦး ရှိကြောင်း၊ ကိုပါဘတ်ပြည်နယ်ရှိ ကစ်ဝီခရိုင်တွင်ကာလဝမ်းရောဂါဖြစ်ပွားသူ လေးဦးနှင့် ချင်ဂိုလာခရိုင်တွင် ကာလဝမ်းရောဂါဖြစ်ပွားသူ  တစ်ဦးတို့ဖြစ်ကြောင်း ဖော်ပြထားသည်။

ကာလဝမ်းရောဂါဖြစ်ပွားသူများအနက် ၅၆ ဦးသည် အခြေအနေကောင်းမွန်လာသဖြင့် ဆေးရုံအသီးသီးမှဆင်းသွားပြီဖြစ်ကြောင်းနှင့် ၃၅ ဦးမှာ ကုသရေးစင်တာအသီးသီးတွင် ကျန်ရှိနေသေးကြောင်း သိရသည်။

ဇမ်ဘီယာနိုင်ငံတွင် ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ ၂၀၂၄ ခုနှစ်အထိ ကာလဝမ်းရောဂါဖြစ်ပွားသူ ၂၀၀၀၀ ကျော်ရှိပြီး ယင်းရောဂါဖြင့်သေဆုံးသူ ၇၀၀ ကျော်ဖြင့် ကာလဝမ်းရောဂါဖြစ်ပွားမှုနှင့်သေဆုံးမှု စံချိန်တင်ခဲ့သည်ဟုသိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.