အိန္ဒိယနိုင်ငံ၌ တောရိုင်းဆင်နင်းခံရမှုကြောင့် အသက်ကြီးစုံတွဲသေဆုံးမှုဖြစ်ပွား
ဖေဖော်ဝါရီ ၂၄
အိန္ဒိယနိုင်ငံတောင်ပိုင်း
ကီရာလာပြည်နယ်တွင် တောရိုင်းဆင်တစ်ကောင်နင်းခံရမှုကြောင့် အသက်ကြီးစုံတွဲတစ်တွဲ သေဆုံးခဲ့ကြောင်း
တာဝန်ရှိသူများက ယနေ့တွင်ပြောကြားသည်။
အဆိုပါစုံတွဲသည် ကန်နာခရိုင်
အာရာလမ်ခြံတွင် ယမန်နေ့ညနေပိုင်းက သီဟိုဋ်စေ့ကောက်နေစဉ် ဆင်တစ်ကောင်၏တိုက်ခိုက်ခြင်းခံရသဖြင့်
သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
၂၀၁၄ ခုနှစ်နောက်ပိုင်းတွင်
အာရာလမ်ခြံတွင် တောရိုင်းဆင်တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ ၁၇ ဦးရှိလာကြောင်း ဒေသန္တရမီဒီယာက
ဖော်ပြထားသည်။
တောရိုင်းတိရိစ္ဆာန်များ
အစုလိုက်အပြုံလိုက် မြို့ပြအတွင်းဝင်ရောက်ခြင်း၊ သစ်တောများပြုန်းတီးခြင်းနှင့် သစ်တောများအတွင်းကြားခံဇုန်များကွယ်ပျောက်သွားခြင်းတို့သည်
တောရိုင်းတိရစ္ဆာန်များ လူနေထိုင်ရာဒေသများသို့ ကျူးကျော်ဝင်ရောက်ခြင်း၏ အကြောင်းရင်းအချို့ဖြစ်သည်ဟု
တောရိုင်းတိရစ္ဆာန် ဆိုင်ရာ ကျွမ်းကျင်သူများက ဆိုသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
No comments