“၂၀၂၅ ခုနှစ်၊ မတ်လအတွင်း ဖြစ်ပေါ်နိုင်သည့် လာနီညာအခြေအနေသတင်း”
(၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ
၂၈ ရက်)
(က) အီကွေတာအနီးရှိ
အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean)၏ ပင်လယ် ရေမျက်နှာပြင်အပူချိန်နှင့်
လေထုဖြစ်စဉ်များမှာ အားအနည်းငယ်ရှိသော လာနီညာအခြေအနေတွင် ရှိနေပါသည်။ နိုင်ငံတကာမိုးလေဝသဌာနများ၏
သင်္ချာပုံစံပြု မော်ဒယ်များခန့်မှန်းချက်အရ မတ်လအတွင်း အားအနည်းငယ်ရှိသော လာနီညာအခြေအနေမှ
ပုံမှန်နှစ်တစ်နှစ်သို့ ပြန်လည်ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။
(ခ) လာနီညာဖြစ်စဉ်သည်
ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့်ဖြစ်စဉ် ဖြစ်သော်လည်း အဆိုပါ လာနီညာဖြစ်စဉ်ကြောင့်
အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် အရှေ့ဘက်မှ လေပွေလှိုင်းများတိုက်ခတ်ခြင်း၊ အနောက်ဘက်မှ
လေပွေလှိုင်းများ တိုက်ခတ်ခြင်းနှင့် မိုးရွာသွန်းမှု မူမမှန်ခြင်းစသည့် ရာသီဥတုဖြစ်စဉ်များ
ဖြစ်ပေါ်လေ့ရှိပါသည်။
Crd> မိုး/ဇလ

No comments