ရန်ကုန်ပညာရေးတက္ကသိုလ်၌ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ကျင်းပ



ရန်ကုန် ဖေဖော်ဝါရီ ၁၄


ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ ရန်ကုန်ပညာရေးတက္ကသိုလ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်ပညာရေး တက္ကသိုလ်၌ ကျင်းပရာ ရန်ကုန်ပညာရေးတက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။


ဦးစွာ ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကေသွယ်လှိုင်က မြန်မာ့ရိုးရာထမနဲ ထိုးပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်၊ ပညာရေးစိတ်ပညာဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာ ခင်နှင်းနွယ်က ထမနဲထိုးပြိုင်ပွဲနှင့်ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်း ပြောကြားသည်။


ထို့နောက် ရန်ကုန်ပညာရေးတက္ကသိုလ်မှ ပါမောက္ခချုပ်၊ တာဝန်ရှိသူများက အကဲဖြတ် ဒိုင်များအဖြစ် ဆောင်ရွက်ပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲတွင် အကောင်းဆုံး အသင်း (ပထမဆု၊ ဒုတိယဆု၊ တတိယဆု)၊ စည်းလုံးညီညွတ်မှု(ပထမဆု၊ ဒုတိယဆု)နှင့် မြိုင်ဆိုင်တက်ကြွ စွာပါဝင်ဆင်နွှဲမှု (ပထမဆု၊ ဒုတိယဆု)ရအသင်းများကို တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)

No comments

Powered by Blogger.