မွန်ဂိုလီးယားနိုင်ငံ၌ ဝက်သက်ရောဂါအတည်ပြုလူနာ သုံးဦးရှိ
ဖေဖော်ဝါရီ ၂၁
မွန်ဂိုလီးယားနိုင်ငံတွင် ဝက်သက်ရောဂါအတည်ပြုလူနာသုံးဦးရှိကြောင်း အမျိုးသားကူးစက်ရောဂါများဆိုင်ရာဗဟိုဌာန အင်န်စီစီဒီက ယနေ့တွင် ပြောကြားသည်။
အဆိုပါလူနာသုံးဦးသည် မကြာသေးမီကပင် ဗီယက်နမ်နိုင်ငံမှပြန်လည်ရောက်ရှိလာသူများဖြစ်သည်ဟု အင်န်စီစီဒီက ဆိုသည်။
လက်ကိုပုံမှန်ဆေးကြောပေးခြင်း၊ နှာခေါင်းစည်းဝတ်ဆင်ခြင်းနှင့် ရောဂါဖြစ်ပွားရာဒေသများသို့မသွားရောက်မီ အနည်းဆုံး ၁၄ ရက်ကြိုတင်၍ ဝက်သက်ရောဂါကာကွယ်ဆေးထိုးနှံခြင်းအပါအဝင် ကြိုတင်ကာကွယ်ရေးအစီအမံများလိုက်နာ ဆောင်ရွက်ကြရန် ပြည်သူများအားတိုက်တွန်းပြောကြားထားသည်။
ဝက်သက်ရောဂါသည်ရောဂါရှိသူနှင့်တိုက်ရိုက်ထိတွေ့မှုရှိပြီး အသက်ရှူလမ်းကြောင်းများမှတစ်ဆင့်အလွယ်တကူ ကူးစက်မှုမြင့်မားသောရောဂါဖြစ်သည်။ အများဆုံးဖြစ်လေ့ရှိသောရောဂါလက္ခဏာများတွင် ဖျားနာခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ နှာရည်ယိုခြင်း၊ လည်ချောင်းနာခြင်းနှင့် မျက်စိနီခြင်းတို့ပါဝင်ပြီး ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်သည်ဟု သိရသည်။
ဝက်သက်ရောဂါအတွက် တိကျသောကုသမှုမရှိကြောင်းနှင့် လူနာအများစုမှာ သီတင်းပတ်နှစ်ပတ်မှ သုံးပတ်အတွင်း ပြန်လည်ကောင်းမွန်လာကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
No comments