ပေါက်ခေါင်းမြို့နယ်၌ နွေစပါး ဧက ၅၂၀၀ ကျော် စိုက်ပျိုးပြီးစီး
ပေါက်ခေါင်း မတ် ၁
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်၌ နွေစပါးစိုက်ပျိုးရေးအတွက်
တောင်နဝင်းရေလှောင်တမံမှ စိုက်ပျိုးရေများကို ဇန်နဝါရီ ၁ ရက်မှ စတင်ဖြန့်ဝေခဲ့ရာ နွေစပါးစိုက်တောင်သူများက
စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး မြို့နယ်စိုက်ပျိုးရေးကြီးကြပ်အဖွဲ့ဝင်များ၊
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများပူးပေါင်း၍ နွေစပါးပန်းတိုင်အထွက်နှုန်း
တိုးတက်ထွက်ရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ယခုနှစ်တွင် ပေါက်ခေါင်းမြို့နယ်၌ နွေစပါး
၁၁၈၇၁ ဧက စိုက်ပျိုးထုတ်လုပ်ရန် လျာထားဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၂၆ ရက်အထိ ဧက
၅၂၅၀ စိုက်ပျိုးပြီးစီးပြီ ဖြစ်သည်။ တောင်သူများအနေဖြင့် မိမိတို့ဒေသနှင့် ကိုက်ညီသည့်
အထွက်တိုးစပါး မျိုးကောင်းမျိုးသန့်များဖြစ်သည့် ရတနာတိုး၊ ထိုင်းနှံကောက်၊ YAR-14၊
အောင်နိုင်တိုး (YSR)ဗီယက်နမ်နှင့် ရက် ၉၀ စပါးမျိုးများကို ပျိုးထောင်စိုက်နည်းစနစ်၊
Drum Seeder စနစ်တို့ဖြင့် စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)
.jpg)
No comments