သြစတြေးလျနိုင်ငံ မြောက်ပိုင်းတွင် ရေကြီးရေလျှံမှုများဖြစ်ပွား
ဆစ်ဒနီ ဖေဖော်ဝါရီ ၃
သြစတြေးလျနိုင်ငံမြောက်ပိုင်း၌
ယနေ့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သဖြင့် ထောင်နှင့်ချီသည့် ဒေသခံများအား
နေအိမ်များမှ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်းသိရသည်။ နိုင်ငံအရှေ့ မြောက်ပိုင်း ကွင်းစလန်းပြည်နယ်မှ
အာဏာပိုင်များက ယနေ့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် နောက်ထပ်ရေကြီးရေလျှံ
မှုများ ဖြစ်လာနိုင်ကြောင်း သတိပေးထားသည်။
ပြည်နယ်မြို့တော်
ဘရစ္စဘိန်း၏မြောက်ဘက် ကီလိုမီတာ ၁၀၀၀ ကျော်အကွာရှိ တောင်းဗေလီမြို့မှ ထောင်နှင့်ချီသောလူများကို
ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန်တာဝန်ရှိသူများက ညွှန်ကြားထားသည်။ ပြည်နယ်ဝန်ကြီးချုပ်
ဒေးဗစ်ခရီဆာဖူလီက ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းရှိ ဒေသခံများအား
အရေးပေါ်သတိပေးချက်များကို သတိပြုကြရန် တိုက်တွန်းထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ
.jpg)
No comments