မာလီနိုင်ငံအနောက်ပိုင်း၌ ရွှေတွင်းပြိုကျမှုကြောင့် သေဆုံးသူ ၅၀ ရှိလာ
ဖေဖော်ဝါရီ ၁၇
မာလီနိုင်ငံအနောက်ပိုင်းတွင်
တရားမဝင်တူးဖော်နေသောရွှေတွင်းပြိုကျမှုကြောင့် သေဆုံးသူ ၅၀ ရှိလာကြောင်း ဒေသန္တရတာဝန်ရှိသူတစ်ဦးက
ယမန်နေ့ကပြောကြားသည်။
အဆိုပါရွှေတွင်းပြိုကျမှုသည်
ကာရတ်စ်ဒေသ ကီနီဘာခရိုင် ဘီလာကိုတိုကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ လူအုပ်စုတစ်စု
ရွှေရှာဖွေမှုပြုလုပ်နေသည့်တွင်းအတွင်းသို့ စက်ယန္တရားတစ်ခုပြုတ်ကျမှုကြောင့် ရွှေတွင်းပြိုကျမှုဖြစ်ပွားခဲ့ရာ
အမျိုးသမီး ၄၉ ဦးနှင့် အမျိုးသားတစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။
ဇန်နဝါရီ ၂၉ ရက်က ကိုလီကိုရိုဒေသ
ကန်ဂါဘာခရိုင် ဒန်ဂါဒေသတွင် ရွှေတွင်းပြိုကျမှုကြောင့် လူ ၁၃ ဦး သေဆုံးခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
No comments