စိုက်ပျိုးရေးဦးစီးဌာန၏ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ ကျင်းပ



နေပြည်တော်   ဖေဖော်ဝါရီ   ၁၄


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန၏ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ယနေ့ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ အမြဲတမ်းအတွင်းဝန်၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်အားပေးကြသည်။


ဦးစွာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် စိုက်ပျိုးရေးဦးစီးဌာနအောက်ရှိ ဌာနခွဲများမှ ပြိုင်ပွဲဝင် အသင်း(၁၂)သင်း၏ ထမနဲထိုးယှဉ်ပြိုင်နေမှုကို လိုက်လံကြည့်ရှုအားပေးသည်။


ပြိုင်ပွဲအပြီးတွင် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဆုရရှိသည့်အသင်းများကို ဆုများချီးမြှင့်ကြကြောင်း သိရသည်။

(သတင်းစဉ်)

No comments

Powered by Blogger.