ရုရှားနှင့် အမေရိကန် ဆွေးနွေးပွဲကျင်းပ
ရီယာဒ်
ဖေဖော်ဝါရီ ၁၈
ရုရှားနိုင်ငံနှင့် အမေရိကန်နိုင်ငံအကြား
ဆက်ဆံရေးမြှင့်တင်ရန်နှင့် ယူကရိန်းအရေး အဖြေရှာရန် ဆွေးနွေးပွဲကို ယနေ့တွင် ဆော်ဒီအာရေးဗျနိုင်ငံ
ရီယာဒ်မြို့တွင် ယနေ့ကျင်းပခဲ့ကြောင်း သိရသည်။
ရုရှားကိုယ်စားလှယ်အဖွဲ့အား ရုရှားနိုင်ငံခြားရေးဝန်ကြီး
ဆာဂေးလက်ဗရော့ဒ်က ဦးဆောင်ပြီး ရုရှား သမ္မတ၏လက်ထောက်ဖြစ်သူ ယူရီယူရှာကော့ဖ်နှင့် ရုရှားနိုင်ငံ
တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ အကြီးအကဲ ကီရေးဒီမီထရီတို့က အဖွဲ့ဝင်များအဖြစ် ဆောင်ရွက်သည်။ အမေရိကန် ကိုယ်စားလှယ်အဖွဲ့တွင် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ဦးဆောင်ပြီး အမျိုးသားလုံခြုံရေး အကြံပေး မိုက်ဝေါ့ဒ်နှင့်
အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ အထူးကိုယ်စားလှယ်ဝစ်ကော့တို့က
အဖွဲ့ဝင်များအဖြစ် ဆောင်ရွက်ကာ ဆော်ဒီအာရေးဗျနိုင်ငံခြားရေးဝန်ကြီး ဖေဇယ်ဗင်ဖာရန် အယ်လ်ဆက်၏
ရှေ့မှောက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ယခုကျင်းပသည့် ဆွေးနွေးပွဲသည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အမေရိကန်သမ္မတထရမ့်တို့ အကြား ဆွေးနွေးပွဲကျင်းပနိုင်ရန် အကြိုပြင်ဆင်ဆောင်ရွက်သည့် ဆွေးနွေးပွဲဖြစ်ကြောင်း
နှစ်ဖက် စလုံးက ပြောကြားသည်။
လက်ရှိအချိန်တွင် ရုရှားသမ္မတဗလာဒီမာပူတင်နှင့်
အမေရိကန်သမ္မတထရမ့်တို့အကြား ဆွေးနွေးပွဲ ကျင်းပရန် အချိန်ကာလသတ်မှတ်နိုင်ခြင်းမရှိသေးကြောင်း ကရင်မလင်မှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ဖ်က
ပြောကြားသည်။ ရုရှားနိုင်ငံအနေဖြင့် ယူကရိန်းအရေးကို ငြိမ်းချမ်းစွာ ဖြေရှင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း၎င်းက ပြောကြားသည်။ ရုရှားသမ္မတပူတင်အနေဖြင့် ယူကရိန်းနိုင်ငံနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် အသင့်ရှိကြောင်း အစဉ်တစိုက်ပြသခဲ့သော်လည်း
ရုရှား-ယူကရိန်း အရေးအား ကြီးထွားလာစေရေးအတွက် ဥရောပနိုင်ငံများနှင့် ယခင်သမ္မတ ဟောင်းဂျိုးဘိုင်ဒင်၏
အမေရိကန်အစိုးရက ဆောင်ရွက်ခဲ့ကြောင်း ၎င်းက
ပြောကြားသည်။ ရုရှား နိုင်ငံအနေဖြင့် ပြဿနာများအားဖြေရှင်း ဆောင်ရွက်ရာတွင်
သံတမန်နည်းလမ်းများကိုသာ အသုံးပြုရန် ရည်ရွယ်ထားကြောင်း ၎င်းကပြောကြား သည်။ အမေရိကန်လုပ်ငန်းများအနေဖြင့် ရုရှားနိုင်ငံဈေးကွက်မှ
ထွက်ခွာသွားခဲ့ခြင်းကြောင့် ကန်ဒေါ်လာ ၃၀၀ ဘီလီယံကျော် ဆုံးရှုံးခဲ့ကြောင်း ရုရှားနိုင်ငံ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့အကြီးအကဲ ကီရေးဒီမီထရီက ပြောကြားသည်။
ရုရှားနိုင်ငံနှင့် ဆွေးနွေးခြင်းဖြင့် ငြိမ်းချမ်းရေးအတွက် အကျိုးကျေးဇူးများရရှိလာမည်ဆိုပါက မိမိတို့အနေဖြင့် ဆွေးနွေးမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ယမန်နေ့တွင်
စီဘီအက်စ်ရုပ်မြင်သံကြားဌာနအား ပြောကြားခဲ့သည်။ ယူကရိန်းအရေးဆုံးဖြတ်ချက်ချမှတ်ရာ တွင် ဥရောပဒေသ၏ လုံခြုံရေးကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်ပြီး သေချာတိကျစွာ သုံးသပ်ဆောင်ရွက်ရမည်ဟု ဒီမီထရီပက်စကော့ဖ်က ပြောကြားသည်။
ရုရှားနိုင်ငံဈေးကွက်သည် အမေရိကန်အပါအဝင်
ကမ္ဘာ့နိုင်ငံများအတွက် စီးပွားရေးအရ အကျိုးရှိသည့် နေရာတစ်ခုဖြစ်သော ကြောင့် အပြုသဘောဆောင်သည့်
နည်းလမ်းများဖြင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း ရုရှားနိုင်ငံ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့အကြီးအကဲ
ကီရေးဒီမီထရီ က ပြောကြားသည်။
ဆွေးနွေးပွဲသည် နှစ်ဖက်အကြား အပြုသဘောဆောင်သည့်
ရလဒ်များဖြင့် အဆုံးသတ်ခဲ့ကြောင်း ကရင်မလင်မှ
ပြည်ပရေးရာအကြံပေးပုဂ္ဂိုလ် ယူရီယူရှာကော့ဖ်က ပြောကြားသည်။
ကိုးကား - အနာဒိုလူ သတင်းဌာန
ဘာသာပြန် - စိုးသူရ
No comments