ကျွန်းလှမြို့နယ်၌ ဆောင်းသီးနှံမျိုးစုံ ၆၀၈၉၆ ဧက စိုက်ပျိုးပြီးစီး
ကျွန်းလှ ဖေဖော်ဝါရီ
၁၄
စစ်ကိုင်းတိုင်းဒေသကြီး
ကျွန်းလှမြို့နယ်တွင် ရာသီအလိုက် သီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ်
ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် သီးနှံမျိုးစုံ ၆၀၈၉၆ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ကျွန်းလှမြို့နယ်အတွင်းရှိ
လယ်ယာမြေများမှာ မိုးကောင်းဖြစ်သော်လည်း ဒီနှစ်ဆောင်းရာသီ သီးနှံစုံစိုက်ပျိုးဖို့
၅၇၃၃၆ ဧက လျာထားပြီး လက်ရှိအချိန်ထိ ၆၀၈၉၆ ဧကစိုက်ပျိုးပြီးဖြစ်ရာ လျာထားချက်ထက် ဧက
၃၅၀၀ ကျော် ပိုမိုစိုက်ပျိုးနိုင်ပါတယ်။ စိုက်ပျိုးရာမှာ ချောင်းရေနဲ့ မြေအောက်ရေတင်စိုက်ပျိုးပြီး
သီးထပ်၊ သီးညှပ်စိုက်ပျိုးကြဖို့ တောင်သူတွေနဲ့ ဆွေးနွေးလျက်ရှိပါတယ်”ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန
ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။
ကျွန်းလှမြို့နယ်တွင်
၂၀၂၄ - ၂၀၂၅ ခုနှစ် ဆောင်းသီးနှံမျိုးစုံ စိုက်ပျိုးပြီးမှုအနေဖြင့် ပဲမျိုးစုံ ၂၁၉၀၆
ဧက၊ ဆီထွက်သီးနှံ ၃၅၂၇၂ ဧက၊ စားဖိုဆောင်သီးနှံ ၉ ဧက၊ အခြားသီးနှံစုံ ၃၇၀၉ ဧက စုစုပေါင်း
၆၀၈၉၆ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန စာရင်းများအရ သိရသည်။
မျိုးဝင်းညို(ကျွန်းလှ)

No comments